Wednesday, September 2, 2009

ကျနော် ဒီ ဘလော့ဂ် တွေဘာလို့ကြိုက်သလဲ ?

ကျနော့်ကို သက်တန့်ချိုက တဂ် ထားပါတယ်ဆိုလို့ ဒီ ပို့စ်လေးရေးဖြစ်ပါတယ်. ကျနော်ကြိုက်တဲ့ စာမျက်နှာလေးတွေအကြောင်းပါ..၊ အကြောင်းအမျိုးမျိုးနဲ့ လွန်ခဲ့တဲ့ နှစ်အတန်ကြာကမလုပ်နိုင်တော့တဲ့ ဘလော့ လေးပြန်လုပ်ဖြစ်တဲ့ အခါ ကိုယ်ကြိုက်တဲ့ စာမျက်နှာလေးတွေကို ကိုယ့် နေရာမှာ လင့်ထားဖြစ်ပါတယ်..၊


မထမဦးဆုံး ရေးလိုတာက ( မိုးလှိုင်ည ) ရဲ့ စာမျက်နှာပါ..၊ သူ့ဆီကိုမကြာခဏကိုသွားဖတ်ဖြစ်ပါတယ်။ ရေးပုံဆန်းတယ်...။ သူ့ကဗျာလေးတွေကိုဖတ်ရတာ ပြန့်ကြဲနေတဲ့ ခရေပွင့်ကောက်ရသလို ရသ ကိုရပါတယ်.၊ အဲဒီရသကို ခရေပွင့်ကောက်ဘူးသူတိုင်း ခံစားဘူးလိမ့်မယ်လို့ထင်ပါတယ် ၊ ဆန့်ကျင်ဘက်တွေကိုကြိုက်တတ်တဲ့ ကျနော်သဘာဝအရလဲ သူ့ကဗျာရေးပုံ က ကျနော်နဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ လေ့လာသင်ယူစရာလဲဖြစ် ငေးမောစရာလဲဖြစ် ဒါကြောင့်မို့အမြဲသွားဖတ်ဖြစ်ပါတယ် ..။

နံပတ်နှစ် က ကို ( အောင်သာငယ် ) ပါ သူ့ကဗျာတွေမှာ အားပါတယ်လို့ကျနော်ယူဆပါတယ်..၊ သူ့ဆီက စာ သို့မဟုတ်ကဗျာတစ်ခုခုကိုဖတ်လိုက်တိုင်းတွေးစရာလေးတစ်ခုပေးတတ်ပါတယ် ၊ တွေးရတာကြိုက်တဲ့ ကျနော်အတွက်နေရာကောင်းလေးတစ်ခုပါပဲ အဲဒါကြောင့်ပဲ အမြဲသွားဖတ်ဖြစ်ပါတယ်...။

သုံး က မ( ကီကီ ) ပါ ၊ ဇောက်ထိုးတွေရေးတတ်လို့ကြိုက်တာပါ ၊ ကျနော်ကိုယ်တိုင်ကလဲ ဇောက်ထိုးအတွေးများတော့ အကြိုက်ချင်းတူတဲ့သဘောပေါ့ ....၊

လေး က သက်တန့်ချို ပါ သူရေးခိုင်းလို့သူကိုကြိုက်တာမျိုးမဟုတ်ပါဘူး ၊ ကျနော်ခဏခဏသွားတတ်လို့ သူကလဲ ဘာဖြစ်လို့လာသလဲဆိုတာကိုသိချင်ပုံရပါတယ် ၊သူ့သက်တန့်က တက်ရတာ သက်တန့်ဆိုတဲ့အတိုင်း ခက်ပေမဲ့ သွားသွားကြည့်ဖြစ်ရချင်းအကြောင်းအရင်းက ၊ အဆင်အပြင်လေးက ကလေးဆန်ဆန် ပြီး ကြီးကြီးကျယ်ကျယ်လေးတွေရေးတတ်တာကြောင့်ပါ..၊ ပူးကလေးတွေကိုအစာကြွေးပါဦး ငါးလေးတွေလဲရှိတယ်စသဖြင့်တွေကြားမှာ အသုံးမ၀င်ချင်း ဆိုတဲ့ ကဗျာမျိုး ရှိနေတာ ကျနော် မြန်မာပြည်အထက်ပိုင်းကိုခရီးသွားခဲ့စဉ် က မြင်းချံမှာတွေ့ခဲ့ရတဲ့ ( ထမင်း နဲ့ ဘိလတ်မြေ ) ဆိုတဲ့ ထမင်းဆိုင် တစ်ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ဖတ်ရသလို ထူးချားနေတာတိုင်းကိုစိတ်ဝင်စားတတ်တဲ့ ကျနော့်အတွက် အချိန်မှန်သွားရမယ့်နေရာတစ်ခုဖြစ်လာခဲ့ပါတယ် အဲဒါကြောင့်အသစ်တင်တိုင်းသွားဖြစ်ပါတယ်..၊

ငါး က ( ကဗျာတွေနဲ့ လေပြေ) ပါ ပုံမှန်အားဖြင့်တော့ ကဗျာရေးတတ်တဲ့ စာမျက်နှာတိုင်းကို ကျနော် သွားကြည့် ဖြစ်မြဲပါ ဒါပေမဲ့ သူမှာ ထူးချားတာက ငါ့အိမ်မက် ငါ့စိတ်ကူးနဲ့ ငါစာပေငါရေးမည် ဆိုတာက နဲနဲလေး အလေးသာသွားအောင်ကျနော့်ကိုဆွဲဆောင်လိုက်ပါတယ်....၊

အဲဒါက ကျနော်ကြိုက်တဲ့ ငါးခုပါ နောက်ကြိုက်တာတွေကိုတော့ ကျနော့်စာမျက်နှာပေါ်မှာ လင့်ထားတွေကြည့်ပီး သိနိုင်ပါတယ် ကျနော်ကြိုက်တဲ့ စာမျက်နှာတွေကိုပဲ ရွှေးလင့်ထားတာဖြစ်လို့ အဲဒါတွေက အမြဲ ဖတ်ဖြစ်တာတွေပါ ၊
လင့်မလုပ်ထားပေမယ့် အမြဲသွားဖြစ်တဲ့နေရာတွေလဲ အများကြီးပါ အကြောင်းကြောင်းတွေနဲ့ပေါ့.........။

ကိုသက်တန့်ချို ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ ( ကျနော်မြင်တာကိုလွတ်လွတ်လပ်လပ်ရေးထားတာဖြစ်လို့ အနှောက်အယှက် ဖြစ်တာမျိုးများပါခဲ့ ရင်ခွင့်လွတ်စေချင်ပါတယ် အားလုံးကိုတောင်းပန်တာပါ )

ကိုဟန်.....

3 comments:

  1. ကျေးဇူးပါကိုဟန်ရေ...အကြိုက်ဆုံးငါးခုထဲမှာ ပါတယ်ဆိုတဲ့အတွက် ၀မ်းမြောက်မိပါတယ်.... ဆက်လက်ပြီးလည်းကြိုးစားသွားပါ့မယ်....တဂ်လေးကိုဖြေပေးတဲ့အတွက်လည်း
    ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ....

    ReplyDelete
  2. အကြိုက်ဆုံး ဘလော့တွေထဲမှာ ပါတယ်ဆိုလို့ ၀မ်းသာမိပါတယ်... ကိုဟန်ရေ့...
    ကဗျာတွေကို ဝေဖန်ပေးတဲ့ အတွက်လည်း အထူးကျေးဇူးတင်ပါတယ်...
    ခုနောက်ဆုံးရေးတဲ့ ကဗျာကတော့ သစ်ပင်တပင်ရဲ့ မထွက်ပြေး မလွတ်မြောက်နိုင်မှုကို ရည်ရွယ်ရေးထားတာပါ... ရည်ရွယ်ရာကို မရောက်ခဲ့ရင် ဆက်လက်ပြီး ထပ်မံကြိုးစားဖို့ လိုနေသေးတယ်ဆိုတာ လက်ခံရမှာပေါ့... လူတယောက်နဲ့ သူ့အမည်နာမ မလိုက်ဖက်တဲ့အတွက် မွေးဖွား အမည်ပေးခဲ့တဲ့ မိဘကို အပြစ်ပြောလို့ ရမလား... ခေါင်းစဉ်နဲ့ ကဗျာ မလိုက်ဖက်ခဲ့တဲ့ အတွက်တော့ ကဗျာဆရာကိုပဲ အပြစ်တင်လိုက်ပါ... ကျေးဇူးအထူးပါကိုဟန်ရေ့...

    ReplyDelete
  3. အောင်မြတ်လေး ကိုဟန်ရေ ...
    ကျားသားမိုးကြိုး..
    ဇောက်ထိုးချင်းများ အကြိုက်တူနေရတယ်လား ..
    ဒွတ်ခ ပါဘဲ .. ကမ္ဘာကြီး ကို ပြောင်းပြန် ပဲ လည်စေချင်တော့တယ် ..

    စ တာပါ .. အကြိုက်ချင်းတူတယ် ဆိုလို့  အားရှိမိပါတယ် ..
    နောက်ထပ် Idiot တယောက် ထပ်တိုးတာကိုး.....း))

    ခင်မင်စွာဖြင့်
    မကိ

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ