
အမှည့်ဝင်းဝင်း
သီးကင်းဖုတ်ဖုတ်တဲ့
ကြားခါစက
နားဝမှာတောင်လက်မခံချင်ဘူး
နိယာမရဲ့ဇောက်ထိုးလေ
ဘာတွေဖြစ်နေနေပေါ့
အကင်းဆိုတာ
ရင့်လာရဦးမယ်
မှည့်လာရဦးမယ်
ရင့်မှည့်နေတဲ့ သစ်စေ့ကနေ
မျိုးဆက်တွေချန်ခဲ့ရဦးမယ်
မဖြစ်မနေ သဘာဝရဲ့
တာဝန်တွေလေ
မနက်ကမှကြည့်မိတယ်
ဒို့ကျောင်းရှေ့မှာတော့ကွယ်
သီးမှည့်ဝင်းဝင်းတွေဟာ
အညှာပေါ်မှာတောင်
မတဲနိုင်ရှာလို့
အကိုင်းဂွကြားမှာ
အခန့်သားထိုင်ပြီး
မျိုးစေ့ချထားရေးကိုညင်းဆန်လို့
အကင်းတွေ အကင်းတွေ
မြေပေါ်မှာ ကားနင်းတာနင်း
လူနင်းတာနင်း
ရှိရင်းစွဲ အစိုဓာက်လေးနဲ့
ရင်ကွဲပက်လက်
ကျေမွရက်နဲ့
ရက်စက်လှတဲ့သစ်ပင်
မြူနီစပယ် မမြင်ခင်
ခုတ်ပစ်ချင်တယ်....
ရေးသူ ကိုဟန်
အဲဒါ သရက်သီးလား စားချင်တယ်
ReplyDeleteဘယ်မှာလဲ ကိ နာရောက်နေပြီ ကွ ဟားဟားးးးးးးး နာ သရက်သီးအရင်စားသွားတယ် သိလား ဟိဟိ
ReplyDeleteဒီဝက်ကတော့ အစားဆိုရင် ထိပ်ဆုံးကနော်။ ဟွန်းးးးးးး
ReplyDeleteကိုဟန်ရေ... အဲဒီ ရင်ကွဲပက်လက် ကျေမွရက်နဲ့
ရက်စက်လှတဲ့သစ်ပင် ဟူးးး ခုတ်သာခုတ်လိုက်တော့။ ရှင်းပစ်လိုက်ဗျာ။
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ဆိုပေမဲ့
ReplyDeleteအရွယ်မတိုင်မှီ ကြွေလွင့်ခဲ့ကြရတွေ အတွက် စိတ်မကောင်းစရာပါဘဲ ။
အဲ ... သရက်သီး လေးတွေ အနေ နဲ့ ကျတော့ ။
အကင်းလေး ပေမဲ့  စားလို့ ကောင်းတဲ့ အရွယ်လေး ...
လူတွေက ကြီးအောင်မစောင့်နိုင်ကြလို့  စားပစ်လိုက်ကြတာ ။ဒီလူတွေ ဆိုးတာပေါ့နော်။
စိတ်မပူ ပါနဲ့  ကိုဟန်ရေ ..
ခုခေတ်က မြူနီစယ် တွေက အပင်တွေ အမှိုက်တွေ လိုက်ရှင်းပေးမနေကြတော့ဘူး ။ အခွန်ကောက် ပိုက်ပိုက်ရဖို့ ပဲ ချောင်းနေကြတာ ။
ဒီသရက်ကင်း လောက်တော့ ဂရု မစိုက်အားတော့ဘူး တဲ့ ။
(ဒီအချိန်ကြီး သရက်ကင်းတွေ ရှိနေပြီလား .. ဇဝေဇဝါတောင်ဖြစ်သွားတယ်ဗျ စားချင်လို့  ပါ ..)
စဉ်းစားစရာပဲ ကိုဟန်ရေ ကောင်းတယ်ဗျာ ကဗျာလေးက :)
ReplyDeleteထိုင်ခုံ မလောက်
ReplyDeleteထိုင်ခုံရှာ၊ထိုင်ပြီးမထ
ဒါငါ့ နေရာ။
လူမှန်သော်ငြားမတ်တတ်သာ
အကြောင်းမှာ၊ထိုလူ ထိုင်ခုံမရှာတတ်ပါ။
ရေးခဲတဲ့သူဆီက စာကိုဖတ်ရလို့ကျေးဇူးတင်ပါတယ်။ စိတ်ဓါတ်ကတော့ အတော် ကျနေ ပြါ့ပီ။
ReplyDelete