Wednesday, September 23, 2009

ဒို့ကျောင်းရှေ့ကသစ်သီးပင်



အမှည့်ဝင်းဝင်း
သီးကင်းဖုတ်ဖုတ်တဲ့
ကြားခါစက
နားဝမှာတောင်လက်မခံချင်ဘူး
နိယာမရဲ့ဇောက်ထိုးလေ
ဘာတွေဖြစ်နေနေပေါ့
အကင်းဆိုတာ
ရင့်လာရဦးမယ်
မှည့်လာရဦးမယ်
ရင့်မှည့်နေတဲ့ သစ်စေ့ကနေ
မျိုးဆက်တွေချန်ခဲ့ရဦးမယ်
မဖြစ်မနေ သဘာဝရဲ့
တာဝန်တွေလေ


မနက်ကမှကြည့်မိတယ်
ဒို့ကျောင်းရှေ့မှာတော့ကွယ်
သီးမှည့်ဝင်းဝင်းတွေဟာ
အညှာပေါ်မှာတောင်
မတဲနိုင်ရှာလို့
အကိုင်းဂွကြားမှာ
အခန့်သားထိုင်ပြီး
မျိုးစေ့ချထားရေးကိုညင်းဆန်လို့


အကင်းတွေ အကင်းတွေ
မြေပေါ်မှာ ကားနင်းတာနင်း
လူနင်းတာနင်း
ရှိရင်းစွဲ အစိုဓာက်လေးနဲ့
ရင်ကွဲပက်လက်
ကျေမွရက်နဲ့
ရက်စက်လှတဲ့သစ်ပင်
မြူနီစပယ် မမြင်ခင်
ခုတ်ပစ်ချင်တယ်....
ရေးသူ ကိုဟန်

7 comments:

  1. ဝက်ဝံလေးSeptember 23, 2009 at 12:45 PM

    အဲဒါ သရက်သီးလား စားချင်တယ်

    ReplyDelete
  2. ဝက်ဝံလေးSeptember 23, 2009 at 12:46 PM

    ဘယ်မှာလဲ ကိ နာရောက်နေပြီ ကွ ဟားဟားးးးးးးး နာ သရက်သီးအရင်စားသွားတယ် သိလား ဟိဟိ

    ReplyDelete
  3. ဒီဝက်ကတော့ အစားဆိုရင် ထိပ်ဆုံးကနော်။ ဟွန်းးးးးးး
    ကိုဟန်ရေ... အဲဒီ ရင်ကွဲပက်လက် ကျေမွရက်နဲ့
    ရက်စက်လှတဲ့သစ်ပင် ဟူးးး ခုတ်သာခုတ်လိုက်တော့။ ရှင်းပစ်လိုက်ဗျာ။

    ReplyDelete
  4. သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ဆိုပေမဲ့
    အရွယ်မတိုင်မှီ ကြွေလွင့်ခဲ့ကြရတွေ အတွက် စိတ်မကောင်းစရာပါဘဲ ။

    အဲ ... သရက်သီး လေးတွေ အနေ နဲ့ ကျတော့ ။
    အကင်းလေး ပေမဲ့  စားလို့ ကောင်းတဲ့ အရွယ်လေး ...
    လူတွေက ကြီးအောင်မစောင့်နိုင်ကြလို့  စားပစ်လိုက်ကြတာ ။ဒီလူတွေ ဆိုးတာပေါ့နော်။
    စိတ်မပူ ပါနဲ့  ကိုဟန်ရေ ..
    ခုခေတ်က မြူနီစယ် တွေက အပင်တွေ အမှိုက်တွေ လိုက်ရှင်းပေးမနေကြတော့ဘူး ။ အခွန်ကောက် ပိုက်ပိုက်ရဖို့ ပဲ ချောင်းနေကြတာ ။
    ဒီသရက်ကင်း လောက်တော့ ဂရု မစိုက်အားတော့ဘူး တဲ့ ။
    (ဒီအချိန်ကြီး သရက်ကင်းတွေ ရှိနေပြီလား .. ဇဝေဇဝါတောင်ဖြစ်သွားတယ်ဗျ စားချင်လို့  ပါ ..)

    ReplyDelete
  5. စဉ်းစားစရာပဲ ကိုဟန်ရေ ကောင်းတယ်ဗျာ ကဗျာလေးက :)

    ReplyDelete
  6. ထိုင်ခုံ မလောက်
    ထိုင်ခုံရှာ၊ထိုင်ပြီးမထ
    ဒါငါ့ နေရာ။
    လူမှန်သော်ငြားမတ်တတ်သာ
    အကြောင်းမှာ၊ထိုလူ ထိုင်ခုံမရှာတတ်ပါ။

    ReplyDelete
  7. ရေးခဲတဲ့သူဆီက စာကိုဖတ်ရလို့ကျေးဇူးတင်ပါတယ်။ စိတ်ဓါတ်ကတော့ အတော် ကျနေ ပြါ့ပီ။

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ