Sunday, August 30, 2009

အခါသုံးဆယ်မြောက်နောက်လှည့်ကြည့်ချင်း



၁၉၈၀ မှာ ငါ
အခါလည်သား
ဘာကိုမှလဲ
မမှတ်သားမိ
၁၉၈၉ မှာ
ငါ ဆယ်ကာလယ်တော့
အဝေးတစ်နေရာက
အဖေကိုလည်းလွမ်းဘူးရဲ့
ပင်ပန်းကြီးစွာ
မာကျောလွန်းတဲ့အမေကိုလည်း
ဘ၀တစ်သက်မှာ
တစ်ခါမြင်ဘူးလိုက်ရဲ့
၁၉၉၉ မှာ
ငါ အခါနှစ်ဆယ်လည်သား
မြှောက်စားသူတွေရဲ့အောက်
မြေကြီးနဲ့ခြေထောက်
သုံးပေလောက် လွတ်
ငါ တစ်လုံးကို အခါခါ ရွတ်ပြီး
ဖြစ်ချင်တာတွေများဘူးတယ်
အဲဒီတုံးကပေါ့
ချစ်သူများတဲ့ ငါ
ယုံကြည်သူတွေ ဒုနဲ့ဒေး
ဘာဘေးကိုမှလဲ တွေးမထီ
တောင်လေသွေးကအစ
နိုင်းမရအောင် အေးလို့...
များမကြာမှီပဲ
မြှောက်စားသူတွေ
မြောင်းထဲကိုရောက်
မြှောက်စားခံလဲ
ခွက်ပျောက်
ဘေးမကြောက်တဲ့ ငါ
ခွက်ပျောက်လိုက်ရှာတာ
ဆယ်နှစ်တောင်ကြာတယ်..
နောက်ခုနစ်ရက်ဆို
အခါသုံးဆယ် လည်ပြီ
ငါ့ဆီမှာ
နှစ်ဆယ့်ရှစ်ခါလည်တုံးက
ကံတရားဆီကနေ
မွေးနေ့လက်ဆောင်ရတဲ့
အိမ်ထောင်တစ်ခုရှိတယ်
မွေးရပ်မဟုတ်တဲ့ မြေတွေမှာ
ခွက်စုတ်တစ်လုံးရှာတွေ့တယ်
များလှတဲ့ဖြစ်ချင်တာတွေထဲက
ဘာဖြစ်နေတာမသိသေးဘူး
ငယ်ငယ်တုံးကဖြစ်ချင်တာလေ
ငါ.....သမိုင်းဝင်သူ
ငါ.....နည်းပညာဥသျှောင်
ငါ.....ဦးဆောင်နိုင်သူ
ငါ.....စာရေးဆရာ
ငါ.....ငါ.....ငါ...
ဘာမှဖြစ်မလာတော့
ရှင်မရေ
ကိုယ့်ကိုချစ်ရင်ပြုံးပြပါ
မင့်ယောက်ကျား
အင်ဂျင်နီယာသေးသေးလေးတစ်ယောက်
စကြာဝဠာ လှည့်ရှာတာ
ခွက်စုတ်လေးတစ်လုံးရလာတယ်ကွယ်
နိုင်ငံကြီးတွေမှာလို
ဂစ်တာတီးပြီးသီချင်းဆို
လမ်းအကျိုအကြားတွေမှာ
ဝမ်းတစ်ခါးကိုကျောင်းကြမယ်
ဘာလိုသေးလဲအချစ်ရယ်ပေါ့.....
( ရှင်မ ဆိုတဲ့ အသုံးအနှုံးလေးက မောင်ခိုင်မာ (ဦးကြည်ခိုင်) အလွမ်းပြေပေါ့ဗျာ )
ရေးသူ ကိုဟန်

Thursday, August 27, 2009

အမှတ်တမဲ့ တောင်းမိတဲ့ ဆု


မဟာမြို့ကြီးမှာ

လမ်းမကြီးတစ်ခုကို ၀င်မိတော့

ဒီနေရာမှ ထိုနေရာအထိ

ဖြက်သန်းသွားလာခွင့် မရှိတဲ့လေ....

ကျနော့်ရှေ့မှာ

ခွေးတစ်ကောင်

ပြေးကာဝင်သွားလေ ရဲ့

သတင်းစကားလေးများ

အမှာပါးမယ်လုပ်တော့

ရှုး ..တိုးတိုး....

ဒီနေရာမှာ

မပြောပါနဲ့တဲ့ လေ

ကျနော့်ရှေ့မှာ

ခွေးတစ်ကောင်

ဟောင်နေလိုက်တာ ဆူညံလို့...

ထမင်းတစ်နပ်

ခက်ခက်ခဲခဲရှာပြီး

အိမ်ပြန်အလာ

ကျနော့်ရှေ့မှာ

ခွေးတစ်ကောင်

တောင်ပုံရာပုံ အမှိုက်ကြားက

စားစရာတွေ ကြွယ်ဝလို့

ဒီနေရာမှာမွေး

ဒီနေရာကိုချစ်

မပစ်ရက်နိုင်လေတော့

တောင်းဆုတစ်ခု

ပြုမိတယ်

ဒီနေရာကို

အမှီပြုလို့

နောင်ဘ၀မှာဆို

ခွေးဖြစ်ရပါလို၏..........

ရေးသူ ( ကိုဟန် )

Wednesday, August 26, 2009

အခုတစ်လော

အခုတစ်လော ဘလော့ဂါတွေတော်တော်များများ က ( အခုတစ်လော ) နေကြတယ်လေ ။ သူငယ်ချင်းတွေကလဲ အခုတစ်လောပါဦးဆိုလို့ ခတ်မှီသွားအောင် အခုတစ်လော လိုက်ပါတယ်


ဖြစ်ချင်နေတာက
အဲနေရာကိုပြန်ချင်တယ်ဗျာ


လုပ်နေတာတွေကတော့

အဲဒါတွေပျက်လို့ပြင်နေတယ်

သတိရနေတာကတော့

ထုံးစံအတိုင်း အဒါလေးကိုပါ

ကျနော်တော့ အဲသလောက်ပဲ " လော " တော့မယ်ဗျာ သိပ်လဲထူးထူးထွေထွေမရှိလို့ပါ မေးလ်ပို့ကြသည့်ရောင်းရင်ကြီးများ ကျေနပ်ပါနော်...



မြင်နေကြ ကုသိုလ်....






နှစ်ထောင့်ကိုးကုန်လို့
တစ်ဆယ်အကူးကျရင်တော့
ကုသိုလ်တွေတစ်ဝကြီး
ရလိုက်ချင်ရဲ့
ကိုယ်ပြုချင်တဲ့ ကုသိုလ်အစ
မန္တလေး နန်းစောင်းက
ကလေက၀ဖြစ်နေတဲ့
ခွေးတွေဖမ်းလို့
လှော်ကားပို့ပီး
ချင်္သေ့စာသွားကြွေးမယ်
နှစ်ဟောင်းကုန်လို့
နှစ်သစ်တစ်ရက်ကူးရင်တော့
ကိုယ်ပြုဘူးချင်တဲ့
ကုသိုလ်က
အလှောင်ခံနေရသူတွေ
လွတ်လပ်စေချင်လွန်းလို့
ဆူးလေဘုရားမှာ
ကျားတွေ သက်စေ့
ဘေးမဲ့လွှတ်ချင်တယ်
ရှေ့နှစ်ဆို အကောင်သုံးဆယ်ပေါ့

ရေးသူ ကိုဟန်






Tuesday, August 25, 2009

ကိုကျားကြီးရဲ့ဒုက္ခ


ဒီတောထဲမှာ ကျားဖြစ်နေရတာ အချားဘာပြသနာမှမရှိဘူးဗျာ..၊ တစ်ခုပဲ ကျူပ်လိုက်ထားတဲ့ အမဲ နောက်နေ့စာချန်ရတာစိတ်မဖြောင့်ဘူး ဘာလို့လဲသိလား..။ ပြောရမှာလဲရှက်စရာတော့ကောင်းတယ် .၊ ကျူပ်ကကျားလေ..။ ကျူပ်ကို စိတ်အနှောင့်အယှက်ပေးနေတာ ကြွက်ကလေးတွေဗျာ ၊ အုပ်စုတောင့်ရင်အသံဆူ သူများတကာဇွဲနဲ့ နဘဲနဲ့ လိုက်ခဲ့တဲ့ အမဲ ဒင်းတို့လေးတွေက နောက်နေ့စာတောင်ချန်မရအောင် အပြောင်နိပ်နိပ်သွားလိုက်တာ ရင်နာလို့ကိုမဆုံးနိုင်ဘူး ၊
ကျားကဖြစ်နေပြန်တော့ သေးသေးမွှားမွှား အကောင်ငယ်တွေလဲ အကူအညီမတောင်းရဲ ၊ ရှိတဲ့ အခက်အခဲ ဒီတိုင်းရင်ဆိုင်ရတာလဲ အောင့်သီးအောင့်သက် ၊ ကဲ သိက္ခာအနည်းငယ် ကျလိုကလဲ ကျစေတော့ ၊ အကောင်သေးပေမယ့် အမဲလိုက်ဖော်တော့ဖြစ်တဲ့ မြေခွေးကိုဘဲပြောကြည့်ရမှာဘဲ မြေခွေးရယ် ငါဂူထဲမှာကြွက်တွေသောင်းကျန်းလိုက်တာ တစ်ခါတစ်ခါ ငါစားစရာတောင် မကျန်ဘူးကွာ ၊ ဒီအကောင်တွေကို ဘယ်လိုနိပ်ကွတ်ရမယ်ဆိုတာ မင်းမှာများ နည်းလမ်းရှိရင် ငါ့ကိုပြောပြစမ်းပါကွာ ၊ မြေခွေးသူပေးတဲ့ အကြံကလဲ အဆိုးကြီးတော့မဟုတ်လှဘူး ကြွက်ကိုနိုင်တာကြောင်ပါတဲ့ ၊ ဒါပေမဲ့ဗျာ စဉ်းစားကြည့်စမ်းဘာ ၊ ကျားတစ်ကောင်လုံးဖြစ်ရက်နဲ့ ကြောင်ကိုအကူအညီတောင်းရမှာ ဘယ်မှာမျက်နှာဘန်းလှပါ့မလဲ နော် ၊ နေပါစေတော့ဗျာ အမဲလိုက်ရင် ကြွက်စာပါကျန်အောင် ပိုရှာလိုက်ပါတော့မယ် ၊ နားညီးရင်လဲ ကြီတ်မှိတ်အိပ်ရမှာဘဲ ကျူပ်က ကျားကိုဗျ နော်......


ဖတ်ခဲ့ဘူးသောတရုတ်ပုံပြင်တစ်ပုဒ်ကိုပြန်ရေးပါသည် ၊

ရေးသူ ( ကိုဟန် )

Monday, August 24, 2009

အဖေနှင့်ဆေးလိပ်တိုများ...။

ဒီကဗျာကိုရေးတဲ့သူ နောင်မင်း(ထီမန်)ဆိုတာ... ကျနော့် အကိုတစ်ဝမ်းကွဲ စိတ်လဲတူသူ . ကိုယ့်မှာတစ်ရာရှိ သူများစာအတွက် ကိုးဆယ်ဖယ်ရင်း လုံးချာလည်တာချင်းလဲတူ....။အလုပ်ကြီး နှစ်ခုလုပ် တစ်ခုခွဲက အရှုံးပေါ်တာချင်းလဲတူ...၊ မွန်းကျပ်တဲ့ မြို့ပြကထွက် လပ်ဆပ်နေသေးတဲ့ ထီမန်တို့ရဲ့ ရွာကလေးမှာ ကိုယ်တိုင်ချက်တဲ့ အရက်ကိုသောက် မှုးပြီး မှောက်ခဲ့တာချင်းလဲတူ...။ ကြွေယူပြုံးပြုံးတောင်းရင်မုန်းဆိုလို့ ကိုယ်ပေးပြီးသားအကြွေး စာရွက်နဲ့တောင်ရေးမတောင်းဘဲ ချစ်စရာကောင်းတဲ့ကြွေးတောင်းသူဖြစ်အောင် မူရာမာရာများရတာချင်းလဲ တူ..... ဘိုချစ်ရေ တူတူလျှောက်တဲ့တောကြီးတန်းက ဗွက်ထတဲ့လမ်းကို လွမ်းသဗျာ.........သူပို့လာတဲ့ မေးလ်ပေါ်က စာလေးပါ ဖော်ပြလိုက်တယ်နော်

by 90s decay.....my family face with the crisis.....and.. i shared my parent's pressure...i think ...this poem..(father and the shot cheroots)....change my style....(instead of nursery style)....i can't type PC keyboard layout....just type MAC layout..so i change pdf format....be happy..man





အဖေနှင့်ဆေးလိပ်တိုများ...။


မကြာသေးဘူးလို့ ဆိုချင်ဆို

ဟို အနှစ် လေးဆယ်လောက်တုန်းက

မနက် မနက် ရောက်တိုင်း

(ကျွန်တော်တို့) အမေတစ်ယောက်

အဖေ ညက သောက်ခဲ့တဲ့ ဆေးလိပ်တိုတွေ

ရှင်းရလင်းရ နဲ့

ဒါ နိစ္စဒူဝ

ငြူစူလို့ မရတဲ့ တာဝန်လေ


တော်တော်ဆိုးတဲ့ အဖေဗျ

ည ည ဆို

(ဆေးခါးကြီးသောက်ရသလို)

ကျွန်တော်တို့စာကျတ်ချိန်တွေမှာဆို

သူက

အလကားရတဲ့ ကောင်းကင်ကြီးအောက်မှာ

အလကားရတဲ့ လေကိုရှုပြီး

အလကားရတဲ့ အိမ်ကလေးရဲ့ဝရန်တာမှာ

အဖန်ရည် တစ်အိုးနဲ့

ရွှေပြည်စိုးနဲ့

ငြိမ့်နေလိုက်တာ

အချိန်တန် လစာထုပ်

အလုပ်လည်း မရှုတ်လှပါဘူး

သန်းကောင်ကျော် တစ်ချက်ထိုးလို့

ကျွန်တော် တစ်ရေးနိုးချိန်ရောက်လဲ

အဖေတစ်ယောက်ကတော့ ဖြင့်

ဆေးလိပ်တွေ သောက်လို့ကောင်းတုန်း


မနက် မနက်ဆို

ဆေးလိပ်တို ပစ်တမ်းကစားတော့

(ကျွန်တော့်အဖေရဲ့ ဆေးလိပ်တိုတွေနဲ့)

အားလုံးပျော်ခဲ့ကြရတာပေါ့


အခုတော့

သီဟရဲ့ ကျောင်းလခ

ဇင်မာရဲ့ အပြင်အဆင်

ဟန်သာရဲ့ ကျမ်းမာရေးနဲ့

အိမ်သူရဲ့ ငြူစူသံကြားမှာ

ကျွန်တော်ဆေးလိပ်သောက်တတ်လာပါပြီ


ည ည ဆို

(ဟန်သာပြောတဲ့)

စာကလေးအိမ်လေးရဲ့ရှေ့ ၀ရန်တာမှာ

အဖန်ရည်တစ်အိုး နဲ့

ရွှေပြည်စိုးနဲ့

သန်းကောင်ကျော်တစ်ချက်ထိုး

(ဟိုကောင်တွေတစ်ရေးနိုးမနိုးတော့မသိ)

မီးခိုးငွေ့တွေကြားမှာ

အဖေ့သားတစ်ယောက်

ဆေးလိပ်သောက်နေပါတယ် အဖေ........။



နောင်မင်း (ထီမန်)

အပူသည်ဆုတောင်း

လမိုက်သော ညတစ်ည
တစ်လောကလုံးအမှောင်ကျ
ဟိုနောက်နားမှာ
လူသံတွေ လူသံတွေ
လမ်းပျောက်သူတွေရဲ့ အသံတွေ
ပျောက်တဲ့လမ်းစ
ပြချင်လွန်းလို့
ဆီမီးခွက်ဆွဲ
လမ်းထဲထွက်တော့
မလောက်ငှတဲ့ အလင်းရောင်
မမျှတတဲ့ ကံကျမာ
နဲ့ဘာမှန်းမသိတာကို ခလုပ်တိုက်..
ကိုယ့်ကိုယ်ကို မီးမြိုက်သလိုဖြစ်ပေါ့
ဖြစ်ချင်တာ ဖြစ်စမ်းဘာစေ
လောလောဆယ်တစ်ခဏတော့
ငါ့ကိုမီးလောင်
အလင်းရောင်နဲ့...
လမ်းပျောက်သူများ မြင်ရစေ......
အလင်းရောင်အတွက်
မီးကူးလိုသူ
ငါ့ကိုယ်ပေါ်မှ ကူးယူစေ......
ကိုဟန်..

အသယ်သားများ

ရိုင်းတယ်ထင်ရင် ခွင့်လွတ်ပါ တစ်ခါတစ်ခါ တကယ်ကို အဲသလို ကိုယ့်ကိုကိုယ် ခံစားရတာပါ...။ အမိမြေကို စွန့်ခွာ ငွေရှာရတဲ့ သူတိုင်းကျနော့်လိုပဲ ခံစားဘူးမယ်ထင်ပါတယ်..။

မုန့်သယ်က မုန့်ရောင်း...
ငါးသယ်က ငါးရောင်း...
မှန်သယ်က မှန်ရောင်း...
ဖာသယ်က ဘာရောင်းပါသလဲ ဟင်....
ငါငယ်ငယ်က မေးခွန်းပေါ့..
မှီးကောင်ပေါက်ဖြစ်ကာမှ
မေးခွန်းကအဖြေရတယ်..
ဘာမှကိုရောင်းစရာမရှိပါလို့
ကိုယ်ခန္တာကို ရောင်းရတာ
ဖာသယ်ပါတဲ့.....
အသက်နဲနဲကြီးလာတော့...
မွေးရပ်မဟုတ်တဲ့မြေမှာ..
ငါအပါအ၀င်..
အမျိုးတူသူတွေ..
ပေါင်းစုပြီး ဖာသယ်ဖြစ်ကြ..
တရားခံ
ကိုရွှေပိုက်ဆံက
စက္ကူစုတ်ဖြစ်ကောင်းတုံး....
ဖြစ်နေတုံးတော့
ခံဦးပေါ့
အမျိုးတူသူအားလုံးကို
ပြောချင်တာလေးက
ဖာသယ်တွေမှာလဲ
ရှင်ဘုရင်ဖြစ်ဘို့ အခွင့်အရေး
ရှိနေသေးတာ
မေ့မသွားကြဘို့ပါ.....။
ကိုဟန်........

ခတ်သစ်ကျောင်းဆောင်

ကျိုးပျက်သွားတဲ့ ခုံတွေကိုကြည့်ပီး သတိရတယ်..။ မမြည်တော့တဲ့ခေါင်းလောင်းကိုသတိရတယ်...။ တိုက်ပုံမပါတော့တဲ့ ဆရာကိုသတိရတယ်...။အားလုံး...အားလုံး.....အားလုံး......




ပညာဝန်ကြီး ဦးဘိုးကျား

ရေးသားဘူးတာက

တစ်တိုင်ဆီမီး

ထွန်းညှိပီးက

ဆီမီးထောင်ရာ

ပွားများပါ တဲ့...။

လူကြီးစကား

မှတ်သားထားပီး

တစ်တိုင်ဆီမီးထွန်းညှိတယ်

တစ်တိုင်ဆီမီး

လဲကျပီးနောက်

ကျောင်းကြီးမီးလောင်

ကွင်းခေါင်ခေါင်

ဒီကနေ့မှာတွေ့ရတယ်...။

ခလုပ်တိုက်သူ ဘယ်သူလဲ..???????


ကိုဟန်

အတ္တုပတိ အစိုကိုခွဲစိတ်ချင်း....

ကျနော့် ဖေဖေရေးခဲ့ တဲ့ ကဗျာပါ...။ 1991/92 လောက်က အလင်းထောင့် စာပေဂျာနယ်မှာဖော်ပြခဲ့ဘူးပါတယ်..။ အဲဒိတုံးက ကျနော် ကခလေးပေါ့..၊ သေသေချာချာသဘောမပေါက်ပါဘူး..။ နဲနဲကြီးလာမှပဲ ကိုယ့်အဖေရဲ့ ဘ၀ ကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ ကဗျာတစ်ပုဒ်လို့ခံစားမိလာတာပါ..။သူနဲ့ကျနော်ကြားမှာ သဘောထားမတူတာတွေအများကြီးပါ..။ အထူးသဖြင့်ငယ်ငယ်ကပေါ့..။တန်ဘိုးရှာတတ်တဲ့ အရွယ်ရောက်မှ သူ့ရဲ့ တန်ဘိုးကိုကျနော်ရှာတွေ့ပါတယ်..။ သြော်သူ့ဆီမှာ ကျနော်ဖြစ်ချင်နေတာတွေအများကြီးပါလား.....။ ကျနော်မလုပ်နိုင်သေးတဲ့ သူ့ဆီက ကျနော်ဖြစ်ချင်တဲ့ အပိုင်းအစတစ်ခုပါ... မျှဝေလိုက်ပါတယ်......
(တစ်)
အူဝဲ.....
လူထဲရောက်လာ
ငါ လူဖြစ်လေပြီ..
လက်သီးများကျစ်ကျစ်ဆုတ်
ဦးထုပ်မပါ ၊ ဖိနတ်မပါ ၊
င်္အကျီမပါ ၊ ပုဆိုးမပါ
ဂန်ဖလားကိုခြေနဲ့ ကျောက်
နနွမ်းခွက်ကိုမှောက်
ဖာပုံးထဲရောက်....
နောက်ကြတတ်တဲ့ ကဆုန်မိုး
ဖြိုးဖြိုးဖျောက်ဖျောက်ကျ
ညတစ်ည..၊

(နှစ်)
အိပ်ယာနားမှာ
မီးခံတေတ္တာတံခါး
ပွင့်သွားလဲ..၀ုန်း
ပိတ်သွားလဲ ...၀ုန်း
တစ်ဒုံးဒုံးဆူည
ံနားမခံသာ
ငါ.....အောင်ပွဲကြီးစ
အမေကချော့
အဖေကချော့
တော်တော့်ကိုဆူတဲ့ကောင်ကွာ.။

(သုံး)
ဖောင်း..ဒိုင်း..ဖြောင်း..ရွှီ...
ကျည်နှင်းများတစ်ဖွဲဖွဲ
ချောင်းထဲက ခရာခြုံများ
လှုပ်ရှား....
မီးပွား ၊ မီးပွင့် ၊ မီးတောက်..၊
ဖောက်ခနဲ ဖောက်ခနဲ
ကွင်းထဲကခြေထောက်များ
ပြေးလွှားနိုင်ချင်းမရှိ
ကျော်၏ ၊ ခွ၏ ၊ လဲ၏ ၊ ပြို၏....
ကြည့်လိုက်တိုင်း ဒေါင်လိုက်လူမရှိ
မသိ
သူ့လဲငါမသိ ၊ ငါ့လဲသူမသိ
မပီတစ်ပီ တစ်စပြင်များ
ပြေးရင်လွှားရင်း
လူတွင်းကြီးထဲမှာ
ငါ ခလေးတစ်ယောက်ရဲ့ကြီးထွားမှု့..

(လေး)
နင်းလိုက်တိုင်း ဂလောင်းဂလောင်း
ကြမ်းတစ်ချောင်းမှသံမရိုက်
မိုက်ကမ်းသော ဓနိပေါက်များ
မိုးတောက်တောက်ယို
ဘုရားစူး ခိုစရာဖြစ်ရဲ့
ရှေ့တည့်တည့်မှာ
မရမ်းဝါယင်ကောင်နား
နှမ်းပစ်များသဲရှပ်ရှပ်
ကျေနပ်စဖွယ်ဈေးတန်းနဲ့
ပြည့်လျှမ်းကျက်သရေ
ရွှေမူလတန်းကျောင်းမှာ
ငါ စကောလားရှစ် ဘွဲ့ရ၏.....

(ငါး)
ကက်တီးကက်ဖဲ့
ရွဲ့တိရွဲ့စောင်း
ကောင်းမိကောင်းရဲ့ မြည်ဟဲ့ဒေါင်ဒေါင်
ကြောင်တောင်တောင်ဝေလေလေ
ဒုံးပေကက်သက
်ဖြက်လာခဲ့ပီးနောက်
ကျောက်တံလဲကျိုးခဲ့ဘူး
နဖူးလဲကွဲခဲ့ဘူး
ကွန်ပါဘူလဲပျောက်ခဲ့ဘူး
ကွင့်မှင်လဲ ပျောက်ခဲ့ဘူး
အရူးတံဆိပ်လဲကက်ရဘူး
အထူးစပယ်ရှယ် ရာဘာတံဆိတ်နှိပ်
ဟိတ် ခံဘွယ်လက်မှတ်တစ်ခု
ငါစုမိ ပြီ........

(ခြောက် (က) )သွေးနထင်ရောက်
ခြေဖျားထောက်
ကြောက်စရာမမွေးသေး
သွေးဆူပွက်ထ
လက်ခမောင်းခတ်
နပမ်းသတ် ဘို့
ဘ၀ထဲမဲခနဲ တိုးဝင်...

(ခြောက် (ခ) )
ဗျိုက်တောထဲမှာ
ကိုယ့်ဖာသာတော့ ကိုးတောင်ကျား
ရိုးမပေါ်ရောက်လေမှ
ငကောက် သေချာသိပါပေါ့
လူမိလျှင်ရယ်ဘို့ကောင်းလေရဲ့
မျောက်ခေါင်းကို အဖေခေါ်လို့
ကျားသံမပေါ် မီညောင် ဟစ်တယ်လေ့
အဖြစ်ကယ်တော်တော်ဆိုးလေတဲ့
ဖိုးကောက်ကြောင်ပါး....။

(ခုနှစ်)
ပတမြားရည်
စီညည်းအဟုန်
ိနီမြန်းကုန်သည်
အာရုဏ်ပေါ်စ ၀ိုးတ၀ါး
အသားပေါ်မှာ ထင်းထင်းထင်
ရင်ထဲမှာ ဘိက်ဘိက်သား ညိုဆဲ
မှောင်ကြီးမဲကြီး
မရဲ တရဲ တစ်ယောက်ထဲပင်
ဘာလဲ မမြင်စမ်းသတ်ဝင်ခဲ့
မြေပြင်သိတ်သဲ မောပန်းလှဲချ
ကြဲကြဲမှောင်ပိတ် စိမ်းမြရိပ်ဋ်
အိပ်မယ်ကြံမှာ
ဘာညာဘာညာ
တာရာစာအုပ်တစ်အုပ်
ငါ့ကိုချူပ်ပီး
ကဗျာလူ ဖြစ်လေတော့သတည်း...။

(ရှစ်)
တာရာများ တဖြတ်ဖြတ်လွန့်
တိမ်ညွန့်စား လင်းယုန်များပျံ
ပြည်သူ့ဂျာနယ်ထံ အရောက်
မြိတ်အနောက်နားဆီက ငိုသံတွေကြား
မင်းလှနားမှာကားဘီးပေါက်..
ကျွန်းထိုးမှောက်ခုံ
အလံစုံတဲ့ကာလ
ပြာတာကပြာ ၊ နီတာကနီ.
ဝါတာက၀ါ...ရှာမရတဲ့
ဘဲဥအစ
စာအုပ်စဉ်ပေါ်ကလှမ်းအကြည့်
ဘယ်ညှိပြီး လက်သီးဆုတ်ကြားမှာ
ငါကိုးလိုးကန့်လန့်

(ကိုး)
ငိုက်ခနဲမှုး စူးကနဲကျင်
ထင်ကနဲတောက
်ဖောက်ခနဲကွဲ
စည်ပိုင်းထဲကရေ
နွေလယ်ခေါင်ရောက်သလို
ဟိုဒီ အလည်အပတ်တောင်ပံခတ် ၊ နဂါးဝါ
ငါ.....စာဝေးပေဝေး...
ကျမ်းလေးလေးကြီးတွေဖတ်
စမတ်တွေထွား.
ငါလူလားမြောက်....

(တစ်ဆယ်(က))
နီရဲနေနေတဲ့နေလုံးကိုထက်ချမ်းခွဲ
ဂလူးကိုးပုလင်းထဲမှာစိမ်
ဝက်သေးအိမ်ထဲက ချက်ကြီးနဲ့ရော
အဟောသုခံဝတ
ချမ်းသာစွလို့သာဆိုရင်
ထန်းသုံးပင်ပေါ်က မျောက်ငမှုးဟာ
မီလျှံနာဖြစ်ရော့မယ်
တကျွတ်ကျွတ်ဝါး
တစ်ဖွားဖွားဖဲ့
စာအုပ်ကိုဝါးစားတိုင်းသာ
ပါရကူမြောက်မယ်ဆိုရင်
နှုတ်ခမ်းမွှေးစစနဲ့ ပိုးဟတ်ဟာ
ဒေါက်တာဖြစ်ရော့မယ် ။

(တစ်ဆယ်(ခ))
မသိခင်က
စဉ်းစားရတာ
ချာလည်ချာလည်
သိလာတဲ့အခါ
စဉ်းစားမှာပဲ
ငါဘာကောင်လဲ သူဘာလဲ
တွေ့သမျှဟာ
ရုပ်သာဖွဲ့စည်း၊
သိပြီးသကာလ
ရူပဗေဒ မွေးဖွား၏
အီလက်ထရွန်
ပရိုတွန
်ညူတရွန်
အက်တမ်တည်ဆောက်
ကမ္ဘာအောက်မှာ
ငါ ဆိုသည်ကား အသေးစားအမှုန
်မြစ်ကိုအလျားလိုက်ကူး
ရေဘူးကိုအပ်ပေါက်ဖောက်
ကျားပေါက်ကိုလက်ပေးသင
်ဖားအရှင်ကို ဂတုံးချော
ရှားဇောင်းတောမှာ သပြေစိုက
်မိုက်မဲ သတ္တိရှိစွာ
မျဉ်းဝါပေါ်စက်ဘီးစီး..။
ချွေးဒီးဒီး ကျ
ညထ ၊ နေ့အိပ်
စိတ်ဆိုတဲ့ အပိုင်းအစများ
ငါ့ အားခွဲထုပ်သွားကြ
သတင်းစာပေါင်း ၃၆၅ စောင်ကို
ဈေးတောင်ဘက် ဘော်တယ်ဆိုင်မှာ
၁၅ ခါလောက်ရောင်းပြီးနောက
်ငါးသလောက်ပုတ်ကိုကျော
်မှိုစော်နံတဲ့ ပဲပြုတ်
မည်းကျူတ်နေတဲ့ ထမင်းအတူးကိုစား
ဟားရတယ် ၊ ဟာဒရ ရတယ်
ရွှေဝယ်မလား..
မြေ၀ယ်မလား..
ကားဝယ်မလား...
တိုက်ဆောက်မလား..
စုဘူးများပေါက်ကွဲ
ရတနာခဲလေးကောင်
လူ့ဘောင်ထဲခေါ်လာ
ငါ...........
ဧရာမ သတ္တိခဲလေ

(မြင့်ဦးသစ်)

သူခေါ်လာတဲထဲက ကျနော်က သုံးကောင်မြောက်ပါ ရတနာခဲလား မီးသွေးခဲ လားတော့မသိ.........:p

ကျနော်ချစ်သော မိန်းမများ (တစ်)

နွေသည်ပူပြင်းသည်ဟုဆိုလျှင်ရယ်ကြပေးဦးမည်..။သို့သောထိုနေ့ကအမှန်တစ်ကယ်ပင်ပူပြင်းပါသည်..၊ အချိန်အားဖြင့် မာရစ်ဇ ၏ ဆံပင်ရှေရှေ အရပ်မြင့်မြင့်သီချင်းခတ်စားနေချိန်..၊ ကျနော် ဇာက်လိုက်ကျော် ဆယ်ကျော်သက်ရွယ် ၊ မိန်းမတို့ ၏ ရှိက်ဖိုကြီးငယ်အသွယ်သွယ်တို့ကို ရိုးသားစွာရင်ခုန်တတ်စ ၊ ( ယခုကဲ့သို အလွန်တရာမှ ယဉ်ကျေးလှသော အနောက်တိုင်းသားတို့၏ ဖိုမဆိုင်ရာနည်းမညာများကို မလေ့လာရသေးခင်) ဆင်စွယ်ရောင်ဖောရိန်းရှပ် လှလှလေးဖြင့်သူမအားကျနော်စတွေ့ဘူးခဲ့ပါသည် ၊ သူမ၏ ဆင်မယဉ်သာလမ်းလျှောက်သွားပုံသည် သူမ၏ ခြေအစုံတို့တွင် ကျနော့် နှလုံးသည်းအိမ်တို့ ၇စ်ပတ်ပါသွားသရောင်…။ (ယခုအချိန်တွင် ဆင်မတစ်ကောင် လမ်းလျှောက်ပုံကိုနောက်မှ မြင်ဘူးသော်လည်း ဆိုရိုးစကား ရှိခဲ့သည်မို့ ပြင်ရန်နောက်ကြပေပြီ အတော်ပင်ကြည့်ရဆိုးပါသည်) သောက်လက်စ လက်ဘက်ရေခွက်ကိုပင် မချပဲ ဆက်တိုက်ငေးကြည့်နေမိသည်အထိ….၊ ခွက်ပြန်ချလိုက်ပါကပေးလိုက်ရမည့် စားပွဲခုံကို လှမ်းကြည့်လိုက်ရမည့် အချိန်ကိုပင် နှမျောနေမိသည် ..၊သူမ အမှန်တစ်ကယ်ပင်လှပါသည်..၊သူမ ၏နောက်ကျော ကိုပျောက်သွားသည်အထိငေးကြည့်ရင်း လှပသောသူမ၏ မျက်နှာသည် ကျနော်၏ လက်ဘက်ရေခွက်ထဲတွင် ၄င်း စားပွဲခုံပေါ်တွင် ၄င်း ကျနော်တတ်ထားသည် မျက်မှန်၏ မှန်များတွင် ၄င်း ထင်ဟပ်ပေါ်လွင်လျှက်….၊ပျောက်ကွယ်သွားပြီး တော်တော် အကြာမှ စားပွဲခုံပေါ်သို့ လက်ဖက်ရေခွက်ကို ပြန်အချ..တိုးညှင်းသော ဆိုင်းထီးဆိုင် ၏တေးသွားက ကျနော့် ကိုနွေးထွေးစွာ လာရောက်ပွေ့ဖက်သည်….. (အမှောင်တစ်ညမှာ….မြင်ရခဲတဲ့ မောင့်….လပြည့်ဝန်း) ဟုတ်ပါသည် အမှန်ပင်မြင်ရခဲ့လှသော ဟိုဖက်ကုန်းလေးတစ်ဘက်တွင်ပြောက်ကွယ်သွားသော မောင့် လပြည့်ဝန်း ထိုအချိန်မှစ သူမကို ကျနော် တစ်ဘက်သက် ကင်ပွန်းတတ်ခဲ့သည် ကျနော့် ရဲ့ လပြည်ဝန်း……၊

ဆယ်ကျော်သက်တို့ ၏ရင်ခုန်ခံစားချက်မှ ပင်လယ်ထဲရေငတ်သည်နှင့်အလားတူလှသည်….မျက်စေ့ရှေ့အောက်ထိုလောက်များပြားလှသော မိန်းခလေး အများအနက်မှ လပြည့်ဝန်းကိုသာ ထပ်ခါထပ်ခါမြင်ချင်နေမိသည်..၊ မြင်ပြန်တော့ လဲဘာမှမဟုတ် ကြည့်ရရုံသာ ၊ မည်သို့ပင်ဖြစ်ပါစေ ကျနော်ထိုခဏကို ချိုမြိန်လှသည်ကတော့ အမှန်၊ နေ့တိုင်းလို လို လပြည့်ဝန်းလာတတ်ရာ လမ်းဘက် မျက်နှာမူပြီး လက်ဘက်ရေတစ်ခွက်နဲ့ ထိုင်စောင့်တတ်လာသည်..၊ တစ်ခါတစ်ရံ ဆိုင်ရှင်ညိုငြင်သည်အထိပင်.သူမလာပြီဆိုတော့ လဲ (သတိ ပေတရာအကွာတွင် အချစ်ရှိသည် ) ဟုဆိုရလောက်အောင်ပင် နောက်ခပ်ခွာခွာက တစ်ကောက်ကောက်လိုက် ၊ကိုယ့်ကို ထိုအချိန်က ဘာစိတ်ကူးနှင့်ဘာလိုက်လုပ်မှန်းကိုမူ ယခုအထိမသိသေးပါ..၊ထိုသို့ပင် နာမယ်လဲမသိမိတ်လဲမဆက်ဖြစ်ပြုံးလဲမပြဖြစ်နောက်ကတစ်ကောက်ကောက်လိုက်ရင်းကိုယ့်
ဖာသာ အိပ်မက်ထဲမှာ လမင်းတစ်ရာသာနေလိုက်တာ တစ်လခန့်ကြာခဲ့မည်ထင်၏.၊

ခလုပ်တိုက်ပါများ သည့် ငုတ်မှတ်မိလာသလိုပင် ကြာလာတော့ သူမကျနော့်အား မှတ်မိလာပုံရသည် ၊တစ်ရက်သော တနင်ဂနွေ တွင်သူမကျနော့် အားပြုံးပြခဲ့သည် ၊ငေးကြည့်နေသော ကျနော့်ကို စေ့စေ့ ကြည့်ပြီး ပြုံးပြလိုက်သောသူမကိုကျနော်တော်တော်အံ့အားသင့်သွားခဲ့သည် ၊နောက်သို့ပင်ရုတ်တရက်လှည့်ကြည့်မိသေးသည်၊ကျနော်မဟုတ်ပါပဲ တစ်ယောက်ယောက်ကိုများ ပြုံးပြနေချင်းလော….၊ မဟုတ်ပါ ကျနော်မှ ကျနော် ကျနော့်အားပင်တည့်တည့်ပြုံးပြနေချင်းဖြစ်ပါသည်..၊စကန့်မဆိုင်း ကျနော် ကဗျာကရာပင် ပြန်ပြုံးပြလိုက်သည်..။ အလောတစ်ကြီး ပြုံးပြမိခြင်းကြောင့် ပါးစပ်မှာတတ်ရက်သားရှိနေသော ဆေးလိပ်တိုကိုပင်မထုပ်မိ…။ ဆေးလိပ်တိုက ပုဆိုးပေါ်သို့တစ်ရှိန်ထိုးကျ..၊ ပုဆိုးအားတစ်ငွေ့ငွေ့ မီးလှောင်သည့်အထိပင်ကျနော်မသိနိုင်သေး ၊ သူမ၏ လှပသောအပြုံးမှ တစ်စကန့်ပင်မဖယ်ခွာလိုပြီ..၊ပုဆိုးပေါက်ပြီး ပေါင်အားမီးဖြင့် ထိုးမိကာအတော်ပူလာမှပင် ထခုံမိသည်..၊ရှေသော ကျနော့်၏ဒူးခေါင်းက စားပွဲခုံကိုတိုက်မိ ၊ရေနွေးအိုးကမှောက် လက်ဘက်ရေခွက်ကမြောင်းထဲရောက်.. ရေနွေးအိုးထဲမှ ရေနွေးပူပူများ ပုဆိုးပေါ်သို့ကျ ရွဲစို..။ကျနော်နှင့် စားပွဲခုံ တစ်ဝိုက်သည်(ဘက်ကဒက်တွင်ဗုံးကြဲပြီးနောက်) ဆိုသောသတင်းဓာက်ပုံထဲကလိုပင် တစ်ခဏအတွင်း ကဗျောင်းကဗျင်..၊
အားလုံးပြီးဆုံးကာမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ လား..လား ဆေးလိပ်မီးနှင့်ထိုးမိထားသောပေါင်မှ ပူလောင်နေသည်.၊ ပုဆိုးအောက်ပိုင်းတစ်ခုလုံးသည် ရေနွေးများဖြင့် ရွဲစိုနေသည်..။ရင်ထဲတွင်ကတော့ လမင်းတစ်ရာသာဆဲ..၊အပြင်မှာ ဖြစ်ချင်တာတွေ ဖြစ်စမ်းဘာစေ..။ မီးထိပြီးပေါက်သွားသော ပုဆိုးမှ အပေါက်သည် (အချစ်ပေါက်) ပုဆိုးအောက်ပိုင်းတွင် စိုရွဲနေသော ရေနွေးတိုသည် (အချစ်ရေများ) တစ်ဖြင်းဖြင်းဖြင့် ပူလောင်လျှက်ရှိသော ပေါင်မှ မီးလှောင်ဖုသည် (အချစ်ဖု ) အားလုံးသည် အချစ်တို့ဖြင့် ပြည့်သိတ် ထုံမွန်းစွာ……၊ဆိုင်ရှင်အနားရောက်မလာခင်အထိ..၊ဆိုင်ရှင်အနားရောက်ပီး ကွဲသွားသောခွက်ဖိုးကို အလျှော်တောင်းမှပင် ကျနော် ချစ်ခြင်းအိမ်မက်မှနိုးသည်..။ ထိုစဉ်က ခွက်တစ်လုံးစာ လေးဆယ့်ငါးကျပ်ပေးလျှော်ခဲ့ရသည်.၊ ချစ်ခြင်း၏ အပြုံး တစ်ခဏသည် လေးဆယ့်ငါးကျပ်တန်ပါသည်..၊ ပေးစရာရှိသောပိုက်ဆံကိုပေး ဆိုင်ရှင်အားကျေနပ်အောင်တောင်းပန်ပြီး ကျနော်အိမ်သို့ပြန်ခဲ့သည်..အချစ်ရေတို့ဖြင့် စိုရွဲနေသောပုဆိုးက လမ်းလျောက်ရန်အနှောက်အယှက်ပေးနေသည် ၊ ပုဆိုးမှ အချစ်ပေါက်ကိုလဲ လူမမြင်အောင်ဖုံးဖိထားရသည် ၊ ပေါင်မှ အချစ်ဖုကလဲ ပူစပ်ပူလောင်ရှိလှသည်၊ အဘယ်သို့်ပင်ဖြစ်နေပါစေ ကျနော့်ရင်ထဲတွင် ကြည်နူးရိတ်တို့ ပြန့်လွင့်လျှက်..၊ အချစ်ဘက်စ်ကားကြီး ကိုစီး ပြီး အချစ်အိမ်ကြီးသို့ ပြန်လိုက်ပါဦးမည်..၊
ဆက်ရေးပါမည်................ ကိုဟန်၊