Monday, December 7, 2009

စိတ်ထဲကဒီဇင်ဘာ


ဒီဇင်ဘာ
တစ်ခါရောက်ပြန်ပြီ
တစ်ခုသောဒီဇင်ဘာမှာ
ငါ့ အမမွေးတယ်
တစ်ခုသော ဒီဇင်ဘာမှာ
ချစ်သူမွေးလာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ကိုယ့်မြေပေါ်ကစခွာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ အိမ်ထောင်ရှင်ဖြစ်တယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ချစ်သူ အိမ်ရှင်မ
အိမ်ရှင် မ စရာမရှိလို့
အိမ်ရှာဘို့ ကိုယ့်မြေပေါ်က
ခွာရပြန်တယ်.
ဘ၀တစ်သက်တာ
ဒီဇင်ဘာ အခါသုံးဆယ်ဖြက်
အိမ်ထောင်ရှင်သက်
ဒီဇင်ဘာနှစ်ခါဖြက်ပြီးတာတောင်
ငါ့ချစ်သူလေး
အိမ်ရှင်မ မဖြစ်ရှာသေးဘူး
မထူးတော့မယ်အတူတူ
လာမယ်ဒီဇင်ဘာတော့
ရာသီအေးအေးလေးမှာ
ဘာမှမတွေးဘဲ
အိမ်ရှင် မ“မ”ရသေးတဲ့
ချစ်သူဘေးမှာ
ကွေးကွေးလေးနေချင်တယ်......
ရေးသူ ကိုဟန်