Friday, May 21, 2010

သူတို့စုဝေးရာ



လက်ရေးကျင့်ဖို့ဝလုံးရေးရင်း
ဘကုန်းကြားညပ်ရေးမိလို့
ဘ၀ဆိုတာစလာသူတွေ
အမှားကိုတွေ့လို့ အလန့်တကြား
အူရားဖားရား လှည့်အပြေး
အမှန်တရားသေးသေးလေးကိုခလုပ်တိုက်
ငိုက်စိုက်လဲကျသွားသူတွေ
တဲကုပ်မှာ
ဘုရင်လုပ်နေတာထက်စာရင်
နန်းတော်မှာ
သပျက်စည်းသာလှည်းလိုက်ချင်၇ဲ့ဆိုတဲ့
ရုပ်ဝတ္တု ကိုငတ်မွတ်သူတွေ
တွေ့ကရာကိုအမှန်တရားလုပ်
ကိုယ့်ကိုကိုယ်ဆေးသုတ်ပြီး
ပလင်ကြီးကြီးမှထိုင်ချင်သူတွေ
ဘေးနားမှာ ကုပ်ကုပ်လေးထိုင်
လက်မှိုင်ချပြီး တွေ့ကရာကို ပေါက်ပေါက်ဖောက်သလိုပြော
မမောနိုင်မပန်းနိုင်
ကိုကိုယ်တိုင်က
ဘာမှမသိတဲ့
ငါလိုလူတွေ
စုဝေးနေတဲ့နေရာကို
မြန်မာပြည်လို့ခေါ်တယ်..........၊




ရေးသူ ကိုဟန်

Thursday, May 20, 2010

အနာဂတ်ဟာသများ




အခုဖြစ်နေတဲ့ဒုက္ခဟာ
နောင်ဖြစ်လာမယ့်ဟာသတွေပါ...တဲ့
ငါတို့ တိုင်းပြည်မှာလေ
ဟိုအရင်ကဟာသတွေ
အနှစ်ခြောက်ဆယ်ကြာတာတောင်
ရယ်ရတာလပ်ဆပ်နေတုံး
ပထမ ဟာသတွေတောင်
ရယ်လို့မဆုံးသေးဘူး
နောက်ဆယ်စုနှစ်ခြောက်ခါကူးပြီးရင်တောင်
ရယ်လို့မဆုံးနိုင်မယ့်
အကောင်းဆုံး ဟာသတွေ
အလုံးအရင်းနဲ့ ဖန်တီးကြပြန်ပြီ
သြော် ဟာသ....ဟာသ....
ဘယ်တော့များမှ
ခပ်တည်တည်နေလို့ရမလဲကွယ်......
အခုဖြစ်နေတဲ့ဒုက္ခတွေဟာ
နောင်ဖြစ်လာမယ် ဟာသတွေပါဆိုပဲ


ရေးသူ ကိုဟန်