
အခုဖြစ်နေတဲ့ဒုက္ခဟာ
နောင်ဖြစ်လာမယ့်ဟာသတွေပါ...တဲ့
ငါတို့ တိုင်းပြည်မှာလေ
ဟိုအရင်ကဟာသတွေ
အနှစ်ခြောက်ဆယ်ကြာတာတောင်
ရယ်ရတာလပ်ဆပ်နေတုံး
ပထမ ဟာသတွေတောင်
ရယ်လို့မဆုံးသေးဘူး
နောက်ဆယ်စုနှစ်ခြောက်ခါကူးပြီးရင်တောင်
ရယ်လို့မဆုံးနိုင်မယ့်
အကောင်းဆုံး ဟာသတွေ
အလုံးအရင်းနဲ့ ဖန်တီးကြပြန်ပြီ
သြော် ဟာသ....ဟာသ....
ဘယ်တော့များမှ
ခပ်တည်တည်နေလို့ရမလဲကွယ်......
အခုဖြစ်နေတဲ့ဒုက္ခတွေဟာ
နောင်ဖြစ်လာမယ် ဟာသတွေပါဆိုပဲ
ရေးသူ ကိုဟန်
အံမလေးးးးး လေးးးး ငို၍ ရယ်၍ မရသော မျက်နှာ များ နဲ့  ဖုတ်လှိုက် ဖုတ်လှိုက် အသက်ကလေးဆက်ပြီး
ReplyDeleteဒီလို ဟာသမျိုးတွေ နဲ့  အပူရုပ်ကို ဟန်လုပ်နေရတဲ့ ဘဝမျိုး မှ မြန်မြန်ကျွတ်ပါရစေတော့ ကိုဟန်ရေ ...
ကောင်းလိုက်တဲ့ ကဗျာ ဥာဏ်လေးဗျာ... ကြိုက်တယ်။
ReplyDelete(Blog Archive မှာကြည့်ရတာ ၄ လကျော်လောက် ပျောက်နေတာဘဲ။ ဆင်တဲမှာ နေဖူးတယ်ဆိုတာ သိတော့ ပျော်ပြီးတမ်းလိုက်တာဗျ။ ဘယ်နားမှာနေဖူးတာလဲခင်ဗျ။ ကျနော်တို့ ဆင်တဲကဖေး ၀ိုင်းတော်သား တစ်ယောက်ယောက်နဲ့တော့ နေတဲ့ရပ်ကွက်တူကောင်းပါရဲ့။
c..u )
let me post it on facebook, bro
ReplyDelete:-)
really love the idea