Monday, December 7, 2009

စိတ်ထဲကဒီဇင်ဘာ


ဒီဇင်ဘာ
တစ်ခါရောက်ပြန်ပြီ
တစ်ခုသောဒီဇင်ဘာမှာ
ငါ့ အမမွေးတယ်
တစ်ခုသော ဒီဇင်ဘာမှာ
ချစ်သူမွေးလာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ကိုယ့်မြေပေါ်ကစခွာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ အိမ်ထောင်ရှင်ဖြစ်တယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ချစ်သူ အိမ်ရှင်မ
အိမ်ရှင် မ စရာမရှိလို့
အိမ်ရှာဘို့ ကိုယ့်မြေပေါ်က
ခွာရပြန်တယ်.
ဘ၀တစ်သက်တာ
ဒီဇင်ဘာ အခါသုံးဆယ်ဖြက်
အိမ်ထောင်ရှင်သက်
ဒီဇင်ဘာနှစ်ခါဖြက်ပြီးတာတောင်
ငါ့ချစ်သူလေး
အိမ်ရှင်မ မဖြစ်ရှာသေးဘူး
မထူးတော့မယ်အတူတူ
လာမယ်ဒီဇင်ဘာတော့
ရာသီအေးအေးလေးမှာ
ဘာမှမတွေးဘဲ
အိမ်ရှင် မ“မ”ရသေးတဲ့
ချစ်သူဘေးမှာ
ကွေးကွေးလေးနေချင်တယ်......
ရေးသူ ကိုဟန်

10 comments:

  1. လာမဲ့ ဒီဇင်ဘာပေါင်းများစွာမှာ
    အိမ်ပိုင်ရှင်ကြီး ဘဝ နဲ့ အိမ်ရှင်မ “ မမ” နှင့် အတူ
    အေးဆေးစွာ ကွေးနိုင်ပါစေ ကိုဟန်ရေ ...။

    ReplyDelete
  2. အရမ်းလွမ်းလာပြီ အီးး အလွမ်းကဗျာတွေကြိုက်လို့ဖတ်ပြီးတိုင်း
    ကိုယ်လဲလိုက်လွမ်း ဆိုးပါ့ဗျာ

    ReplyDelete
  3. ဒီဇင်ဘာအကြောင်းအရင်းပေါင်းများစွာနဲ့ ကိုဟန် အိမ်ရှင်မချောချောလေးနဲ့ ကဗျာထဲက ဆန္ဒအတိုင်း ကွေးနိုင်ပါစေဗျာ။ စောင်မလိုတော့ဘူးပေါ့။ =P

    ReplyDelete
  4. ဘယ်ရောက်နေလဲ brother ?
    Dubai မှာပဲလားဗျာ....

    ReplyDelete
  5. ကွေးကွေးလေး နေနိုင်ပါစေဗျာ..အမြန်ဆုံးပေါ့နော....
    ပျော်ပါစေ

    ReplyDelete
  6. ထူးထူးခြားခြား ဒီဇင်ဘာ ကဗျာလေးပဲ...

    ReplyDelete
  7. ဒီဇင်ဘာကဗျာလေးတွေ ထဲက ထူးခြား ကောင်းမွန်တဲ့ ကဗျာလေးပဲ .... အိမ်ရှင်နဲ့ အိမ့်ရှင်မတို့  ပျော်မွေ့ နိုင်ကြပါစေ
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  8. အင်း... နောက်နောင် ဒီဇင်ဘာတွေတိုင်းမှာ အိမ်ရှင်မဖြစ်နေပြီဖြစ်တဲ့ ချစ်သူနံဘေး ကွေးကွေးလေးအိပ်နိုင်ပါစေဗျာ...။

    ReplyDelete
  9. အိမ်ကိုပြန်ချင်လိုက်တာ

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ