
ဒီဇင်ဘာ
တစ်ခါရောက်ပြန်ပြီ
တစ်ခုသောဒီဇင်ဘာမှာ
ငါ့ အမမွေးတယ်
တစ်ခုသော ဒီဇင်ဘာမှာ
ချစ်သူမွေးလာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ကိုယ့်မြေပေါ်ကစခွာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ အိမ်ထောင်ရှင်ဖြစ်တယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ချစ်သူ အိမ်ရှင်မ
အိမ်ရှင် မ စရာမရှိလို့
အိမ်ရှာဘို့ ကိုယ့်မြေပေါ်က
ခွာရပြန်တယ်.
ဘ၀တစ်သက်တာ
ဒီဇင်ဘာ အခါသုံးဆယ်ဖြက်
အိမ်ထောင်ရှင်သက်
ဒီဇင်ဘာနှစ်ခါဖြက်ပြီးတာတောင်
ငါ့ချစ်သူလေး
အိမ်ရှင်မ မဖြစ်ရှာသေးဘူး
မထူးတော့မယ်အတူတူ
လာမယ်ဒီဇင်ဘာတော့
ရာသီအေးအေးလေးမှာ
ဘာမှမတွေးဘဲ
အိမ်ရှင် မ“မ”ရသေးတဲ့
ချစ်သူဘေးမှာ
ကွေးကွေးလေးနေချင်တယ်......
ရေးသူ ကိုဟန်
လာမဲ့ ဒီဇင်ဘာပေါင်းများစွာမှာ
ReplyDeleteအိမ်ပိုင်ရှင်ကြီး ဘဝ နဲ့ အိမ်ရှင်မ “ မမ” နှင့် အတူ
အေးဆေးစွာ ကွေးနိုင်ပါစေ ကိုဟန်ရေ ...။
This comment has been removed by the author.
ReplyDeleteအရမ်းလွမ်းလာပြီ အီးး အလွမ်းကဗျာတွေကြိုက်လို့ဖတ်ပြီးတိုင်း
ReplyDeleteကိုယ်လဲလိုက်လွမ်း ဆိုးပါ့ဗျာ
ဒီဇင်ဘာအကြောင်းအရင်းပေါင်းများစွာနဲ့ ကိုဟန် အိမ်ရှင်မချောချောလေးနဲ့ ကဗျာထဲက ဆန္ဒအတိုင်း ကွေးနိုင်ပါစေဗျာ။ စောင်မလိုတော့ဘူးပေါ့။ =P
ReplyDeleteဘယ်ရောက်နေလဲ brother ?
ReplyDeleteDubai မှာပဲလားဗျာ....
ကွေးကွေးလေး နေနိုင်ပါစေဗျာ..အမြန်ဆုံးပေါ့နော....
ReplyDeleteပျော်ပါစေ
ထူးထူးခြားခြား ဒီဇင်ဘာ ကဗျာလေးပဲ...
ReplyDeleteဒီဇင်ဘာကဗျာလေးတွေ ထဲက ထူးခြား ကောင်းမွန်တဲ့ ကဗျာလေးပဲ .... အိမ်ရှင်နဲ့ အိမ့်ရှင်မတို့  ပျော်မွေ့ နိုင်ကြပါစေ
ReplyDeleteခင်တဲ့
ရန်ကုန်သား :)
အင်း... နောက်နောင် ဒီဇင်ဘာတွေတိုင်းမှာ အိမ်ရှင်မဖြစ်နေပြီဖြစ်တဲ့ ချစ်သူနံဘေး ကွေးကွေးလေးအိပ်နိုင်ပါစေဗျာ...။
ReplyDeleteအိမ်ကိုပြန်ချင်လိုက်တာ
ReplyDelete