Monday, December 7, 2009

စိတ်ထဲကဒီဇင်ဘာ


ဒီဇင်ဘာ
တစ်ခါရောက်ပြန်ပြီ
တစ်ခုသောဒီဇင်ဘာမှာ
ငါ့ အမမွေးတယ်
တစ်ခုသော ဒီဇင်ဘာမှာ
ချစ်သူမွေးလာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ကိုယ့်မြေပေါ်ကစခွာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ အိမ်ထောင်ရှင်ဖြစ်တယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ချစ်သူ အိမ်ရှင်မ
အိမ်ရှင် မ စရာမရှိလို့
အိမ်ရှာဘို့ ကိုယ့်မြေပေါ်က
ခွာရပြန်တယ်.
ဘ၀တစ်သက်တာ
ဒီဇင်ဘာ အခါသုံးဆယ်ဖြက်
အိမ်ထောင်ရှင်သက်
ဒီဇင်ဘာနှစ်ခါဖြက်ပြီးတာတောင်
ငါ့ချစ်သူလေး
အိမ်ရှင်မ မဖြစ်ရှာသေးဘူး
မထူးတော့မယ်အတူတူ
လာမယ်ဒီဇင်ဘာတော့
ရာသီအေးအေးလေးမှာ
ဘာမှမတွေးဘဲ
အိမ်ရှင် မ“မ”ရသေးတဲ့
ချစ်သူဘေးမှာ
ကွေးကွေးလေးနေချင်တယ်......
ရေးသူ ကိုဟန်

10 comments:

  1. လာမဲ့ ဒီဇင်ဘာပေါင်းများစွာမှာ
    အိမ်ပိုင်ရှင်ကြီး ဘဝ နဲ့ အိမ်ရှင်မ “ မမ” နှင့် အတူ
    အေးဆေးစွာ ကွေးနိုင်ပါစေ ကိုဟန်ရေ ...။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အရမ်းလွမ်းလာပြီ အီးး အလွမ်းကဗျာတွေကြိုက်လို့ဖတ်ပြီးတိုင်း
    ကိုယ်လဲလိုက်လွမ်း ဆိုးပါ့ဗျာ

    ReplyDelete
  4. ဒီဇင်ဘာအကြောင်းအရင်းပေါင်းများစွာနဲ့ ကိုဟန် အိမ်ရှင်မချောချောလေးနဲ့ ကဗျာထဲက ဆန္ဒအတိုင်း ကွေးနိုင်ပါစေဗျာ။ စောင်မလိုတော့ဘူးပေါ့။ =P

    ReplyDelete
  5. ဘယ်ရောက်နေလဲ brother ?
    Dubai မှာပဲလားဗျာ....

    ReplyDelete
  6. ကွေးကွေးလေး နေနိုင်ပါစေဗျာ..အမြန်ဆုံးပေါ့နော....
    ပျော်ပါစေ

    ReplyDelete
  7. ထူးထူးခြားခြား ဒီဇင်ဘာ ကဗျာလေးပဲ...

    ReplyDelete
  8. ဒီဇင်ဘာကဗျာလေးတွေ ထဲက ထူးခြား ကောင်းမွန်တဲ့ ကဗျာလေးပဲ .... အိမ်ရှင်နဲ့ အိမ့်ရှင်မတို့  ပျော်မွေ့ နိုင်ကြပါစေ
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  9. အင်း... နောက်နောင် ဒီဇင်ဘာတွေတိုင်းမှာ အိမ်ရှင်မဖြစ်နေပြီဖြစ်တဲ့ ချစ်သူနံဘေး ကွေးကွေးလေးအိပ်နိုင်ပါစေဗျာ...။

    ReplyDelete
  10. အိမ်ကိုပြန်ချင်လိုက်တာ

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ