Thursday, May 20, 2010

အနာဂတ်ဟာသများ




အခုဖြစ်နေတဲ့ဒုက္ခဟာ
နောင်ဖြစ်လာမယ့်ဟာသတွေပါ...တဲ့
ငါတို့ တိုင်းပြည်မှာလေ
ဟိုအရင်ကဟာသတွေ
အနှစ်ခြောက်ဆယ်ကြာတာတောင်
ရယ်ရတာလပ်ဆပ်နေတုံး
ပထမ ဟာသတွေတောင်
ရယ်လို့မဆုံးသေးဘူး
နောက်ဆယ်စုနှစ်ခြောက်ခါကူးပြီးရင်တောင်
ရယ်လို့မဆုံးနိုင်မယ့်
အကောင်းဆုံး ဟာသတွေ
အလုံးအရင်းနဲ့ ဖန်တီးကြပြန်ပြီ
သြော် ဟာသ....ဟာသ....
ဘယ်တော့များမှ
ခပ်တည်တည်နေလို့ရမလဲကွယ်......
အခုဖြစ်နေတဲ့ဒုက္ခတွေဟာ
နောင်ဖြစ်လာမယ် ဟာသတွေပါဆိုပဲ


ရေးသူ ကိုဟန်


3 comments:

  1. အံမလေးးးးး လေးးးး ငို၍ ရယ်၍ မရသော မျက်နှာ များ နဲ့  ဖုတ်လှိုက် ဖုတ်လှိုက် အသက်ကလေးဆက်ပြီး
    ဒီလို ဟာသမျိုးတွေ နဲ့  အပူရုပ်ကို ဟန်လုပ်နေရတဲ့ ဘဝမျိုး မှ မြန်မြန်ကျွတ်ပါရစေတော့ ကိုဟန်ရေ ...

    ReplyDelete
  2. ကောင်းလိုက်တဲ့ ကဗျာ ဥာဏ်လေးဗျာ... ကြိုက်တယ်။
    (Blog Archive မှာကြည့်ရတာ ၄ လကျော်လောက် ပျောက်နေတာဘဲ။ ဆင်တဲမှာ နေဖူးတယ်ဆိုတာ သိတော့ ပျော်ပြီးတမ်းလိုက်တာဗျ။ ဘယ်နားမှာနေဖူးတာလဲခင်ဗျ။ ကျနော်တို့ ဆင်တဲကဖေး ၀ိုင်းတော်သား တစ်ယောက်ယောက်နဲ့တော့ နေတဲ့ရပ်ကွက်တူကောင်းပါရဲ့။
    c..u )

    ReplyDelete
  3. let me post it on facebook, bro
    :-)

    really love the idea

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ