
နိစ္စဒူဝ
မထချင်ပါပဲ
အိပ်ရာထရတယ်
နိစ္စဒူဝ
မသွားချင်ပါပဲ
အလုပ်ထဲကိုသွားရတယ်
နိစ္စဒူဝ
ညင်းမရတဲ့
တာဝန်တွေနဲ့
ငါ အသက်ရှင်နေတာ
အတော်ကြာပါပေါ့
ငယ်ငယ်က
စိတ်ကူးရဘူးတဲ့
အေးချမ်းတဲ့နေရာ
သစ်ရိတ်တစ်ခုမှာ
ကဗျာတွေရေးလို့
ငြိမ်းအေးလှတဲ့
နိစ္စဒူဝ
ဘယ်တော့များမှရမလဲ
၇ ရက်နေ့ကမတွေ့ဘူးလိုက်တဲ့ နှင်းနဲ့မာယာ ရဲ့တက်ဂ် ကိုရေးပါတယ်........
ရေးသူ ကိုဟန်
ကိကီ ရေးသွားတာ ကျနော့်ကဗျာထက်ဖက်ကောင်းနေတာနဲ့တင်ထည့်လိုက်တယ်ဗျာ.....:P
ကိစ္စများမြောင်
လူတို့ဘောင်ဝယ်
မလုပ်မကောင်း
လုပ်တော့ ညောင်း၏
မပြောမကောင်း
ပြောတော့ စောင်း၏
မပေါင်း မကောင်း
ပေါင်းတော့ ဂျောင်း၏..
မလုပ်မဖြစ်
လုပ်တော့ ညစ်၏ ။
ဘာလဲ လေးဖြူရဲ့သီချင်းကို နားထောင်ပြီးရေးလိုက်တာလား အဲ အဲဒီနိစ္စဒူဝက လေးဖြူဆိုတာလား ဒူဆိုတာတုံး သိဘူးနော် ရမ်းပြောတာ မဟုတ်ရင် သည်းခံ ဟိဟိ
ReplyDeleteအော် ဝက် တကောင် သောင်းကျန်းနေတယ် လက်မှတ်လာထိုးဆိုပြီး ဖွားကိ လာအော်မှာ မြင်ယောင်သေးတယ် ဟိဟိ နာ ၁ နော် ဟဲဟဲ
ReplyDelete၃ မယူတော့ပါဘူးနော် များဂါတွေ အညင်ကတ်နေမှာစိုးလို့သိလား ပြန်တော့မယ် ထော်နဲ့တော့ ရှိတော့ဘူးသိရား လိမ့်ပြီ ဒုန်းးးးးးဒုန်းးးးးးးးးးးး ဘိုင်တာ့တာ .... (အက်ကိုးးးသံ) ဟိဟိ
ReplyDeleteကိုဟန်ရေ
ReplyDeleteရေးပေးတဲ့အတွက် ကျေးဇူးနော်....
ကိုဟန်ရဲ့ နိစ္စဓူဝလေးကလဲ ကောင်းပါတယ်...
နှင်း
သူတို့ပြောတဲ့အတိုင်း နိစ္စဒူဝလေးကကောင်းတယ်..
ReplyDeleteပျော်ပါစေ...
နိစ္စဓူဝ ကို ကဗျာလေးနဲ့ ဖော်ကျူးတာဖတ်လို့ ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
ReplyDeleteကိစ္စများမြောင် လူတို့ဘောင်ဝယ်
ReplyDeleteမလုပ်မကောင်း လုပ်တော့ ညောင်း၏
မပြောမကောင်း ပြောတော့ စောင်း၏
မပေါင်း မကောင်း ပေါင်းတော့ ဂျောင်း၏..
မလုပ်မဖြစ် လုပ်တော့ ညစ်၏ ။
ထို ထို အကြောင်း ၄င်းများကြောင့်
ခပ်ရစ်ရစ်သာ နေတော့မည်....
ခိခိ ...ကြုံ လို့  လာရစ်သွားတယ် ..
ဆိုင်တာ မဆိုင်တာတော့ မသိ ။
လူတွေ အကြောင်း တွေးမိရင်း
စိတ်ထဲ ဖြစ်တာ ရေးလိုက်တယ် ။။
သည်းခံပါ...
နိစ္စဒူဝထဲ ခေါက်ရိုးကျိုးမှုတွေပါများများလာတယ် အကိုရေ။ပျော်ရွှင်ပါစေဗျာ။
ReplyDeleteကိုဟန်ရေ
ReplyDeleteကဗျာလေးတွေက မြူးလှချီလား နိစ္စဓူဝ ဖတ်ရတဲ့ စာတွေနဲ့  ရန်ဖြစ်ရင်း ခင်ဗျားကဗျာလေး ဖတ်ရတာ တယ်ထိလှမိလှပါလား
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ :)
ဖွားကိကဗျာက ဆရာတော်တစ်ပါးရေးထားတာပဲ ကိုမောင်ဟန်ရ.. နာမည်တော့ မေ့သွားပြီ။ ဒါပေမယ့် ကျနော့်မှတ်စုထဲမှာ ကြိုက်လို့ ကူးထားခဲ့ဖူးတယ်။ ဟက် ..။
ReplyDeleteခုတော့ ပြန်သတိရသွားတာပေါ့ဗျာ။ =)
ဘယ်နေရာရောက်ရောက်၊ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စကတော့များတာပါပဲ ဟန်လေးရေ... ဒီလိုနဲ့ ပဲ နိစ္စဓူဝတွေကိုကျော်လွှားနေရအုံးမှာပဲ (မသေခင်ထိပေါ့) အဆင်ပြေပျော်ရွှင်ပါစေ။
ReplyDeleteကဗျာလေးက ကောင်းပါတယ် ...
ReplyDeleteမှားနေတယ် ထင်လို့ စေတနာနဲ့ တစ်ခု ပြောချင်ပါတယ် ..
သစ်ရိတ်တစ်ခုမှာ ....
ဆိုတဲ့နေရာမှာ
သစ်ရိပ်တစ်ခုမှာ .... ဆိုရင် မှန်မယ်ထင်ပါတယ် ....
စေတနာနဲ့ပါ .. မကြိုက်ရင်တော့ ခွင့်လွတ်ပါ
ကြိုက်ပါတယ်ကိုဖြိုးငယ် ကျနော်ကငယ်ငယ်ထဲက စာလုံးပေါင်းမှားတတ်တာ ဟားဟာတစ်ခါတစ်ခါ ခုထိသုံးနဲ့ လေးမှားရေးတုံး
ReplyDelete