
ကြည်နေတဲ့အလွှာ
ကန့်လန့်ကာထားလည်း
အချားတစ်ဘက်ကိုမြင်စေဘို့
“မှန်”လို့နာမယ်ပေးတယ်...
နှစ်ဘက်လုံးမှာ
အမှန်တရားနဲ့
ဘယ်နားက ကြည့်ကြည့်
တဘက်ကိုပြဒါးသုတ်
နောက်တစ်ဘက်က ရုပ်ကိုဖုံးကွယ်
ကိုယ်ရပ်နေတဲ့ဘက်ရဲ့
ရှိနေတဲ့ အမှန်ကိုမြင်စေဘို့
“မှန်”လို့နာမယ်ပေးတယ်
ရှိနေတဲ့တစ်ဘက်တော့
အမြဲလိုလို
အမှန်ကိုပြ
ဟိုရှေးရှေးကပေါ့
ခုတော့လေ
အသစ်သစ်
ဖြစ်လာတာက
“တစ်ဘက်မြင်မှန်”တဲ့ဗျာ
တစ်ဘက်ထဲမြင်မှတော့
ဘယ်လိုလာ မှန်မလဲ
သုံးထပ်သားကာရင်မှ
နှစ်ဘက်လုံးမှာ
တရားမျှဦးမယ်
အရှိတရားကိုဆွဲဆန့်ဘို့
မှန်ကော့ကော့တွေ
အရှိတရားကိုဆွဲချူံ့ ဘို့
မှန်ကုန်းကုန်းတွေ
အားလုံးကိုလဲ
“မှန်”လို့ပဲခေါ်နေရလေတော့
အရင်က “မှန်” တွေအားနာတယ်....
ရေးသူ ကိုဟန်
ကဗျာ ဆရာရေ ကဗျာလေးတွေ ဖတ်သွားတယ်သိလား လာတော့မမေးနဲ့ ဘာလဲ ဆိုတာ ဟီးးးးး သိဒယ်နော် များ အကြောင်းကို ဟားဟားးးးးးး
ReplyDeleteမှန် လိုက်လေ ..ကိုမှန်ရေ .. အဲ ..ကိုဟန်ရေ ..
ReplyDeleteဂဲမှန်ဖူးတဲ့ စာသူငယ် အဖို့  မှန်တယ်ဆိုတာ တသက်တာ မှတ်သားလောက်စရာ ဘဲ ။
အမှန် တရား ကို မြင်ရဖို့  အမှားတရံ တွေလည်း ရှိချင် ရှိနေအုံးမှာ ဘဲ ။
သုံးထပ်ပြား နဲ့  ကာကြည့်လို့ ရတဲ့ မှန်မျိုး ဆိုရင် လည်း မဆိုးဘူး ထင်ပါရဲ့ ။
ကော့ကော့ ကုန်းကုန်း မှန်တွေကိုတော့ သဘောကျ သွားတယ် ။
ဟိဟိ မှန်ပါစေ မှန်ပါစေ .. လောက်စလုံး...
တဖက်ဘဲ မြင်ရတော့ မရှောင်ရင်တောင် လွတ်ချင် လွတ်မှာလေ.. အဟက်..
ရှုပ်ကုန်ပါပြီ .. ရေးလေ ရှုပ်လေ .. ပြေးပြီ နော် ..
မှန်မှန်ကန်ကန်...ခံစားးချက်တွေနဲ့
ReplyDeleteမှန်မှမှန် အောင်..မှန်အကြောင်းကို စာစုဖွဲ့လိုက်တော့
အမြင်မှန်တွေတောင်ရချင်သလိုပဲ..
မှန်နေနိုင်ပါစေ...
ကိုဟန်ရေ..မှန်တွေ ကော့ကော့ ကုန်းကုန်းတွေနဲ့ ...အမှန်ဘက် ပျောက်တာကိုတော့ ရင်နာစရာပါ...အားလုံး မှန်နေနိုင်ကြရင်တော့......
ReplyDeleteအားးးးး ဒဿနတွေ လေးစားသွားတယ်...
ReplyDelete“တစ်ဘက်မြင်မှန်”တဲ့ဗျာ
ReplyDeleteတစ်ဘက်ထဲမြင်မှတော့
ဘယ်လိုလာ မှန်မလဲ
သုံးထပ်သားကာရင်မှ
နှစ်ဘက်လုံးမှာ...
တရားမျှဦးမယ်' တဲ့.....
ကဗျာလေးရဲ့ အဓိပ္ပါယ်လေး သဘောကျမိတယ်....။
အားပေးလျှက်ပါနော်
နှင်း
ကဲ...ဘယ်လိုလုပ်ကြမလဲ... :D
ReplyDeleteမှန်သရုပ်ဖော်ကဗျာလေး မှန်လိုက်တာနော်။ အားလုံး အမြင်မှန်ရရင် ကောင်းမယ်။ အမြင်မှန်ဖို့ အမှန်မြင်နိုင်အောင်ကြိုးစားနိုင် ကြပါစေလို့ ပဲဆုတောင်းလိုက်ပါတယ်။ ကိုယ်လည်းအပါအ၀င်ပေါ့ ။ ကြိုးစားလိုက်ပါအုံးမယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
ReplyDeleteမှန်ကန်မှုတွေနဲ့ ကြည့်မှန်စစ်စစ်တွေ ရှားသွားပြီ။
ReplyDeleteမှန်တော့လည်း မှန် ပေးရမှာပေါ့ဗျာ ....
ReplyDeleteကဗျာလေးက အဓိပ္ပါယ်တွေ ပြည့်ဝတယ်ဗျာ သိပ်ကောင်းတာပဲ :)
ReplyDeleteအဆင်ပြေပါစေ
ကိုယ်ကိုယ်ကိုမြင်ချင်
ReplyDeleteမှန်ထဲတွင်ကြည့် 
သူများကိုမြင်ချင်၊မျက်စေ့ နှင့် ကြည့် ။