Monday, September 28, 2009

လှေပွဲ


လှေခွက်ကြီးကျန်
အလံမလှဲစတမ်း
လေကြမ်းကြမ်းထဲမှာ
ပန်းတိုင်ကိုလှော်ကြရင်း
အလံလဲစုတ်
လှေခွက်လဲမြုတ်လုပြီ
ပြိုင်ဘက်လှေတွေလဲ
အကွဲကွဲအပြဲပြဲနဲ့
ဝဲဂရက်ထဲကျန်ခဲ့ပြီ
အလံစုတ်နဲ့
မြုတ်လုလုလှေခွက်ချည်းသာ
ပန်းတိုင်နားကပ်လာတယ်
လှေသားတို့ရယ်
အားမလျော့လိုက်ပါနဲ့
အလံစုတ်နဲ့
မြုတ်မယ့်လှေကို
ပန်းတိုင်ရောက်မှပြင်ကြမယ်
သြော်
တော်တော်အပြောကောင်း
ပန်းတိုင်ရောက်မှတော့
ဒီလှေစုတ် ဘာလုပ်ရမလဲ
အဲလိုတော့မမေးလိုက်ပါနဲ့
နောင်တစ်ချိန်မှာ
ငါ တို့
လှေစုတ်နဲ့ပန်းဝင်ခဲ့တာ
သမိုင်းတွင်နေပါလိမ့်မယ်

ရေးသူ ကိုဟန်

5 comments:

ဝက်ဝံလေး said...

အင်း ဖတ်ရတာ ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် ဘာကို ဆိုလိုချင်တာလဲ တဆိတ်လောက် မေးချင်တယ် ကဗျာဥာဏ် နဲနဲပိန်းတော့ ရှင်းပြပေးစေချင်ပါတယ်

ဘိုင်တာ့တာ

kiki said...

လှေခွက်ကြီးကျန်
အလံမလှဲစတမ်း
လေကြမ်းကြမ်းထဲမှာ
ပန်းတိုင်ကိုလှော်ကြရင်း.........


ရာဇဝင် စာတင်ခဲ့မဲ့ ဒီလှေစုတ်ကလေး
ပဲ့ထိန်းသူ နဲ့ လှေထိုးသားများ
်တက်ညီလက်ညီ ရှိကြရင်ဖြင့်
ကမ်းလုံးညွှတ်မျှ အားပေးကြမပေါ့ .....
လမ်းမှန်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်ကြပါစေ...

လာမဲ့မေလ အဖြေရတော့ လူတွေပဲ သေကြရအုံးမှာလား
ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ..ဒီပါးစပ်ပုတ်ကြီး သရော်ရေနဲ့ ဆေးလိုက်အုံးမယ်..

ကိုဟန်ရေ .. အတွေး အရေး တွေက မိုက်ချက်...ကြိုက်ရဲ့ 
( အပေါ်က ဝက်ကလေး ကို အကောင်လိုက်ပြလိုက်ပါ ဒါမှ အရိပ်လောက်ထင်ကျန်ရအောင် ....ဟိဟိ )

Angel Shaper said...

ဝါးးးးးး မိုက်စ့်တယ်ဗျာ.......
လေစုတ်လေးနဲ့ ပန်းဝင်လာတဲ့သမိုင်းကို ဖတ်ချင်နေပြီ။

ချမ်းလင်းနေ said...

အဲဒီသမိုင်းဝင်လှေကို ပြတိုက်ထဲမှာ ပြသထားချင်ရဲ့ဗျာ။ပျော်ရွှင်ပါစေ အကိုဟန်ရေ။

ကိုလူထွေး said...

ရန်ကုန်မှာတုန်းကတော့

လှေစုတ်နဲ့ လေ့ကျင့်ခဲ့ဖူးတယ်...
လှေစုတ်နဲ့ ပြိုင်ပွဲတွေဝင်ခဲ့ဖူးတယ်...
လှေစုတ်နဲ့ ပျော်ရွှင်ခဲ့ဖူးတယ်...

အဲဒီလှေစုတ်ကလေးကိုပဲ သံယောဇဉ်တွယ်ခဲ့မိဖူးတယ်...

းဝ)

Post a Comment

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ