
နှင်းဆီတစ်ပင်
ပေါင်းမသင်၍
မရှင်သန်ခြင်း
အလျှင်းမဟုတ်
ကျွူန်ပ်ပေါက်ရာ
ဤမြေလွှာသည်
သြောဇာညံ့ဖြင်းလွန်းတကား
ငယ်ငယ်က
အလွတ်ရခဲ့တဲ့ ကဗျာပေါ့
စဉ်းစားမိတာ
ငါသာ နှင်းဆီပင်ဆိုရင်
ညံ့စမ်းပါစေ သြောဇာ
ငါ ဂရုမစိုက်
ကိုယ်ပေါ်ကကြွေကျ
မြေခတဲ့အရွက်
ဆွေးသွားတဲ့အခါ
မြေသြောဇာပေါ့
မလုံလောက်ရင်နေ
အပွင့်တွေတော့ ပေးချင်တယ်
သေးချင်သေးပါစေ
ဈေးကွက်မ၀င်
မအောင်မြင်တဲ့နှင်းဆီ
ဖြစ်ချင်ဖြစ်ပါစေ
မွှေးရနံ့တွေနဲ့
အေးမြနေမယ်ဆို
တကယ်ကို ကျေနပ်ပြီ...
ရေးသူ ကိုဟန်
မာနကြီးတယ်ပြောရမလား..ကြီးကျယ်တဲ့နှင်းဆီတော့ဖြစ်မှာသေချာတယ်။
ReplyDeleteThis comment has been removed by the author.
ReplyDeleteဋ္ဌကိုက်တယ်ဗျာ-
ReplyDelete