Friday, September 25, 2009

များမကြာမှီ

ငါးထောင်တန်တဲ့.................... ရင်မောမိတယ်ဗျာ
လမ်းအကျိုအကြားမှာ
ခြင်္သေ့ဖမ်းနေတာ
တော်တော်ကြာပြီ
အဲဒါတောင်မမိသေးဘူး
လာပြန်ပြီ
ခုတစ်ခါ
ဆင်ဖမ်းရတော့မှာပါလား....
ရေးသူ ကိုဟန်

13 comments:

  1. ဒီ ဘုရင်ရူးးးးးအာဏာမူး တော့
    ယတြာ တွေ ချေနေပြန်ပြီ .၊
    ငါထောင်နေရအောင် ငါးထောင်တန် ကြီးအပေါ်က
    ဆင်ဖြူတော်စီး ၊ ဆင့်ဟိုဒင်း ကို အဟွာတွေ မျှော်ကြစေပေါ့ ။
    မတော်တာတွေလည်း ကကြဦးမတဲ့
    ရောသမမွှေ ပါတီစုံတွေ ဟန်ပြင်နေပေမဲ့
    ကိုယ်တို့ယုံကြည်တဲ့  ဒေါင်းအိုးဝေ ကို
    တုပ်နှောင်ကာထားပေလို့  ။
    အသေကြောက် နေတဲ့ ဒီလဒကောင်တွေ
    အမှောင်ကျပါလို့  ကြွရ ဖို့ နေ့ ရက်လ မှာ
    တစ တစ နီးလာပြီပ ..
    ညီညွတ်ကြစို့  ဒို့  တတွေ .....


    (စိတ်ကူးရရာ ရေးလိုက်ပါသည် ..ကဗျာမဟုတ် စာမဟုတ်လေးပါ ..)

    ReplyDelete
  2. ဝက်ဝံလေးSeptember 25, 2009 at 11:49 AM

    စိတ်ညစ်တယ် ငွေကြေးတွေ အရမ်းဖောင်းပွ နေတာ ကောင်းတယ် များ မှတ်နေလားမသိပါဘူး

    ReplyDelete
  3. ဆင်ဆိုတော့ ပိုပြီးဖမ်းရခက်မယ်ထင်တယ်နော်...

    ReplyDelete
  4. ၀က်ဝံရေ ဘလော့ကို ၀င်မရတော့ဘူးသိလား ဖိတ်တဲ့လူပဲဝင်ရမယ်တဲ့ :(

    ReplyDelete
  5. ဒင်းတို့က "ထောင်မလဲ သဲကော်" ထက် ဆိုးပါတယ်...
    မကြာခင် ဘုံးပေါလအော ကိုယ့်ဆီရောက်လာကြမှာပါ...
    ဟိုးအရင်ခေတ်က ပြားစေတွေလိုပေါ့...

း(

    ReplyDelete
  6. ဟင်.... ကိုလူထွေးကြီး....
    ဒင်းတို့က ဆိုလို့ ရင်ထိတ်သွားတာပဲဗျာ။ ဟိဟိ
    သမီးနာမည် Dim ဆိုတော့ ဒင်းလို့ လွယ်လွယ်ကူကူ ခေါ်ကြတာကိုးးးးးးးး အဲဒါကြောင့် နာမည်ခေါ်ရင် နောက်ဆုံး အမ်ကို ဒင်းမ်ဆိုပြီး ပါးစပ်ကို ပိတ်ခေါ်လို့ ဟိဟိ။။။
    ၅၀၀၀ တန်ကြီး တစ်ရွက်က သူများ တစ်ဒေါ်လာလောက်တောင် တန်ဖိုးမရှိပဲနဲ့များးးး ရှက်စရာကြီးနော်။

    ReplyDelete
  7. ဒီကဗျာလေး ကြိုက်တယ်။
    သူတို့ရူးသမျှ လိုက်မမီနိုင်တော့ပါဘူးလေ။

    ReplyDelete
  8. ဇင်ဘာဘွေကို အမှီလိုက်နေတာ...

    ReplyDelete
  9. ချွန်းကောင်းကောင်းလိုတယ်ဗျို့  :)))

    ReplyDelete
  10. ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ စကားအတိုင်း ဒီတစ်ခါ ဆင်ပြီးရင် နောက် တစ်သောင်းတန်ကျရင် ကျားဖြစ်မလားပဲ...။

    ReplyDelete
  11. တော်သေးတာပေါ့...မြွေမဖမ်းခိုင်းတာ...

    ReplyDelete
  12. ဆင်စီးလို့မြင်းရံ
    တို့ငယ်ငယ်က မှတ်ခဲ့ပြန်
    ခုများ ဆင်ရှားပြီးမြင်းပြန်
    င်္ခြသေ့ထံ အကြိုထောက်
    ရောက်ပါကွဲ့ လေး။

    ReplyDelete
  13. ဇင်ဘာဘွေလို ဖြစ်တော့မယ်ထင်ပါရဲ့

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ