Sunday, September 6, 2009

ရေကြောက်သူ

ဒီနားကအိုင်လေးလား
ဟို မြောင်းကြားကလျှံတက်တာလေ
အံမာ ပေါ့ပေါ့လေးဗျ

ဟိုနားက မြောင်းလေးလား
တောင်ဘက်ချောင်းကစီးလာတာလေ
သြော်...ပေါ့ပေါ့ပါးပါးပဲ

မြစ်ကကျိုးရင်အင်းဖြစ်
ဖြစ်တဲ့အင်းမှာ
ငါးရှာထွက်ဦးမယ်ဆိုပဲ
အံမာ
ပျော်နေလိုက်ကြတာ

တစ်မြို့လုံးရေမြုတ်မှ
ဒင်းတို့ မှတ်ကြရော့မယ်
ပေါ့ပေါ့ပါးပါး
ဖြစ်ဦးမလားလို့

ကျနော့်တော့ဗျာ
အိုင်လေးကိုလဲ
မျက်ခြေမပျက်ရဲ
မြောင်းလေးကိုလဲ
သတိထား
ဘယ်အင်းမှာမှလဲ
ငါးမမျှားချင်ဘူး
မြို့ရေမြုတ်မှာစိုးလွန်းလို့
ခပ်ခွက်လေးတစ်လုံးနဲ့
မြို့ဝင်ဝကစောင့်နေတာ
ဆယ်နှစ်တောင်ကြာသွားပြီ...

ရေးသူ ကိုဟန်

9 comments:

  1.ေ၇ ကိုေ၇ လို့ မြင် မလိုချင် ဟင့်အင်း
    ငွေကိုေ၇ လို့ မြင် လာပစေ ချက်ချင်း
    စီးပါစေတမံမတုတ်နဲ့ မြုပ် ပါစေအလျင်း။

    ReplyDelete
  2. မြို့ ဝင် ဝ က ခွက်တလုံး နဲ့ စောင့် နေတာ
    ရေ ခပ်ဖို့  မစောင့်ဘဲ ငွေခပ်ဖို့ စောင့် နေသူတွေ ..အများကြီး
    တိုက်ဆောက် ၊ ကားစီး ကုန်ကြပြီ ကိုဟန်ရေ ...

    မိုးခါးရေကြီး မချိုတော့ မဲ့ အတူတူ .....???? ။။
    လျှာသာမြက်အပေါက်ခံလိုက်တော့ မလား.

    ရိသွားတာ မဟုတ် ။။ စ သွားတာ ။ စိတ်ဆိုးလိုက်နော် ။

    ReplyDelete
  3. အင်း ဖတ်ပေမယ့် သိပ်တော့ သိပ်တော့ သဘောမပေါက်သလိုပဲ အမိုက်အမဲ ဝက် မ ကလေ ကဗျာဆို သိပ်နားမလည်ဘူးရယ် ၂ ခေါက်ဖတ်တယ် သိရား ကိုဟန် ဒုံရင်း ဒုံရင်းပဲ နဲနဲလောက် ထပ်ရှင်းပြစေချင်လိုပါတယ် အဲလိုပဲကွယ် ကဗျာနဲ့ ရည်းစားစကားပြောရင် တော့ အဲဒီကောင်လေးတော့ မောကြောပဲ ဟဟဟဟ

    ReplyDelete
  4. ကဗျာတွေတော့ ကျွန်မကသိပ်နားမလည်ဘူး ရှောက်သီးဘဲ နားလည်တယ်
    အဲဒီလို တုံးတာ ရေတွေခပ်ထုတ်နေတာလား

    ReplyDelete
  5. ဖတ်ရင်း တွေးသွားတယ်ကိုဟန်ရေ
    တွေးရင်းနဲ့ ပဲပြန်သွားတယ်ဗျာ :)
    အေးမြသာယာရှိပါစေ

    ReplyDelete
  6. ရေမြုပ်မှာ စိုးနေတဲ့မြို့တွေ ။ရေမြုပ်ခံနေရတဲ့မြို့တွေ တို့တွေ ခပ်ဖို့ မီလိုက်ပါ့မလား။ မီခွင့်ရောရှိလား တွေးသွားတယ် ကိုဟန်ရေ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  7. တစ်မြို့လုံး ရေမြုပ်မယ့်အရေး တွေးတောပူပန်မိပေမဲ့
    ခပ်ခွက်က တစ်ခွက်ထဲ ဆိုတော့လဲ အားနည်းနေရှာမယ်ထင်ရဲ့
    ရေမြုပ်မယ့်အရေးထက် အင်းထဲက ငါးမျှားသူတွေရဲ့နံဘေးကနေ ငါးကလေးတွေ အစာတွတ်နေတဲ့ပုံကိုပဲ အလေးပေး ငေးကြည့်နေမိတယ်
    ကဗျာလေးထဲ စီးဝင်ရင်း ခံစားသွားပါတယ်

    ReplyDelete
  8. ၁၀နှစ်တောင်ရှိပီယား... အဟီးး ဘယ်ပေါ့ပါးနိုင်ပါတော့မလဲကွယ်..း)

    ReplyDelete
  9. ကဗျာရေးဟန်ကို ကြိုက်တယ်။ကဗျာလေးကိုလည်း ကြိုက်တယ် =)

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ