Saturday, September 5, 2009

ကျနော့်ကိုအမြင်ကက်ရခြင်းအကြောင်းများ



ကျနော်..
ငယ်စဉ်အခါက
စာအုပ်ကြီးကြီးတွေဖတ်
လက်လှမ်းမမှီတာတွေတွေး
အမှန်တရားလေးတွေ
ဘေးမှာထားပီး
စတိုင်တွေထွား
ခုနစ်ရက်သားသမီးရဲ့
အမြင်ကက်ခြင်း ပစ်မှတ်
ရင်ဘတ်မှာ အကပ်ခံရဘူးတယ်...


ကျနော်
ငယ်ငယ်ကပေါ့
အများသောက်တဲ့မိုးခါးရေကို
ချိုစေလိုလို့ သကြားခပ်
မိုးခါးရေအရသာပျက်လို့
အရသာအစစ်ကိုမှ
သောက်နေကြ
ခုနစ်ရက်သားသမီးများက
အမြင်ကပ်ကြတယ်...

အခုတော့ဗျာ
စာအုပ်ကြီးကြီးလဲ မဖတ်ချင်
အမှန်တရားလေးတွေလဲ
သူဖာသူနေ
သိပ်မပတ်သက်စေနဲ့
မိုးခါးရေလဲ
မချိုစေချင်တော့ဘူး


အခုမှ
အဆင်ပြေသွားတော့တယ်
သူတို့တတွေနဲ့အတူ
အမှန်တရားကို
ခပ်ပါးပါး အမဲရောင်သုတ်
မှောက်ခုံထားပြီး
စားပွဲခုံလုပ်
သကြားမပါတဲ့
မိုးခါးရေ လေးနဲ့ ၀ိုင်းဖွဲ့လို့....



( ၀က်ဝံလေးအတွက်ရေးပါသည် )


ရေးသူ ကိုဟန်

10 comments:

  1. Thanks a lot ကိုဟန်ရေ ဟဲဟဲ ကဗျာလေးနဲ့ ပြန်ရေးပေးတာဆိုတော့ really ရှဲရှဲနော် ဟိဟိ (စ လုံးက အဲလိုပဲ ပြောတယ်တဲ့ ဘိုလို ညှပ်ပြောတယ်တဲ့ ဟုတ်လားမသိဘူး ဟိဟိ)

    ReplyDelete
  2. aww ငါ တဲ့ ကိုဟန်ရေ များ ဂါတွေ လာသေးဘူးနော် ဒီတော့ ၁ ကောင်တည်း သောင်းကျန်းလိုက်မယ်နော် ရလား အို... မရလဲ သောင်းကျန်းတယ် ဘာလုပ်ချင်လဲ ဟဟဟဟ

    ReplyDelete
  3. word verification ကြီးဖြုတ်ထားစမ်းပါဗျာ... ဘယ့်နှယ့် မြန်မာလိုရေးပြီး အင်္ဂလိပ်လို type ရတာ အားကြီး အညင်ကတ်ဖို့ ကောင်းတယ် သိလား ဟွန်းးး

    ပြန်မယ် ဘိုင် တာ့တာ

    ReplyDelete
  4. ဖြုတ်ပြီးကြောင်း ၀က်ဝံ အကြောင်းကြားပါသည် ..........

    ReplyDelete
  5. အင်းးးး
    ခုမှဘဲ နေသာထိုင်သာရှိသွားတော့တယ် မို့ လား......
    မိုးခါးရေဘဲ အတူတူသောက်ကြတာပေါ့လေ ။
    လောကကြီး မှာ မှန်တိုင်းလည်း မှန်ကြတာမှ မဟုတ်တာဘဲ ..အဟက် ..ပြောင်းပြန်ပုံရိပ်တွေ ပြည့်လို့ လေ ၊

    ကောင်းတယ်.. အရေးအသား ပြောတာ..
    ရင်ဘတ်တူလို့  လူမုန်းကြတာ လဲ ၊ တူ ပါတယ် ကိုဟန်ရေ ..

    ReplyDelete
  6. အရေးသားတွေက တကယ်သြချရလောက်တယ် မိုက်တယ်ရေးသွားတာလေးတွေ သင်ယူမိပါတယ်ဗျာ
    အဆင်ပြေပါစေ

    ReplyDelete
  7. တော်လိုက်တာ........
    စာရေးတာကို ပြောတာပါ :)

    ReplyDelete
  8. ရေလိုက်ငါးလိုက်ဆိုပါတော့လေ
    ရေးပုံလေး သဘောကျမိတယ်
    ခင်မင်လျှက်
    ရန်ကုန်သား
    :)

    ReplyDelete
  9. အမြင်ကတ်ရသော အကြောင်းရင်းများကို ရေးကြတဲ့အထဲ ဒီကဗျာလေး တော်တော်ကြိုက်ပါတယ်။

    ReplyDelete
  10. အမြင်လာကတ် ကြောင်းပါဗျာ။ အစ်ကို့ ကဗျာလေးကို ကြိုက်လွန်းလို့ ကူးသွားပါတယ်။ ကျွန်တော်လည်း မိုးခါးရေကို အချိုမခပ်ဘဲ သောက်နေရတာ ကြာပြီ။ :)

    တခါတလေ တော့လည်း သကြားလေး နည်းနည်းခပ်ပြီး ချိုတိုတိုလေး သောက်ချင်သား ( ဟီး ...ခုထိ အမြင်ကတ်ခံ ချင်တုန်း)

    ခင်မင်လျက်

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ