Friday, July 24, 2009

လူငယ်ပုံပြင်

ဆယ်ကျော်သက်ရွယ်.
မောင်မယ်တွေက...
လူငယ်ကိစ္စမျှတကြပါတဲ့......
နှစ်ဆယ်ပတ်လည်
မောင်မယ်တွေက...
လူငယ်ဘဝ
နားလည်ကြပါတဲ့..
သုံးဆယ်ပတ်လည်..
မောင်မယ်တွေက
လူငယ်ကမှ အားမာန်ရှပြီး..
ဘ၀အင်အား စဉ်တိုးပွားသတဲ့လေ...
လေးဆယ်ပတ်လည်
မောင်မယ်တွေက
လူငယ်ဘ၀ ဒီမှာစပြီတဲ့....
ငါးဆယ်ပတ်လည်
မောင်မယ်တွေက
လူငယ်အရေး
များများတွေးလို့ဆိုပြန်တယ်
ကျူပ်မှာဗျာ
တစ်ယောက်တည်းတိုးတိုးလေးပဲ မေးမိတယ်...
လူကြီးမင်းများခင်ဗျာ
ဘယ်အခါတွင်လူကြီးဖြစ်ပါမည်နည်း... ဟု..
တိုးတိုးလေးလဲ ကြားတတ်တဲ့....
ရှစ်ဆယ်ပတ်လည်
မောင်မယ်တွေက
အိပ်ရာပေါ်က ကြုံးရုံးထပြီး ပြောကြတယ်..
ဒီလူငယ်တွေ ခက်သေးတယ်တဲ့.........
ကိုဟန်

No comments:

Post a Comment

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ