Friday, July 24, 2009

အိမ်

ငါ့ အိမ် မှာ
အိမ်ခေါင်ထိပ်က
မိုးရိတ်မမြင်လိုက်နဲ့ ..
ခေါင် ရွဲ့ ဘို့ အဆင်သင့်
ငါရှိနေတဲ့ နေရာမှာတော့
မိုးရွာတာတောင်မသိလိုက်ဘူး
ဒါပေမဲ့လေ
ခေါင်ရွဲ့နေတဲ့ အိမ်မှာ
ငါ့ ညီအကိုမောင်နှမတွေနေနေကြတယ်...။
ငါ့ အိမ်မှာလေပြင်းမကျနဲ့
အိမ်ရွဲ့သွားဘို့ အဆင်သင့်
ငါရှိနေတဲ့နေရာမှာလေ
ပြင်းကျသွားတာ
ဆံပင်တောင်မဖွာလိုက်ဘူး
ဒါပေမဲ့လေ
ရွဲ့သွားတဲ့အိမ်ထဲမှာငါညီအကိုမောင်နှမတွေနေနေကြတယ်..။
ငါ့အိမ်မှာ
ဒီနေ့ ညနေစာအတွက
်ဒီနေ့မနက်မှာရှာကောင်းတုံး
ငါရှိနေတဲ့နေရာမှာ
နောက်နှစ်ရက်စာပူစရာမလိုဘူး
ဒါပေမဲ့လေ
အဲဒီညနေစာကိုငါ့ညီအကိုမောင်နှမတွေမျော်နေကြတယ်..။
ငါ့အိမ်မှာ
ဒီနေ့ရှာတဲ့ အသပြာဟာ
နောက်နေ့မှာ
ငါးစိမ်းထုပ်တဲ့စက္ကူစုတ် ဖြစ်တယ်..
ငါရှိနေတဲ့နေရာမှာ
အသပြာဟာအသပြာအတိုင်းနေတယ်
ဒါပေမဲ့လေ
ငါ့ညီအကိုမောင်နှမတွေ
စက္ကူစုတ်ရဲ့တန်ဘိုးရှာနေကြရတယ်...။
ငါ့အိမ်က
ိုငါရှိနေတဲ့ နေရာအတိုင်းဖြစ်ချင်တယ်...
မတတ်နိုင်တဲ့အဆုံး
တရားမျှတမဲ့
ငါ့ရဲ့ ဆုံးဖြတ်ချက်က
ငါ့ အိမ်ကိုငါပြန်ခဲ့မယ် ပြန်ခဲ့မယ်...။
အနည်းဆုံးတော့
ငါရှိနေရင်
ဒုက္ခတွေကြားကငါ့
ညီအကိုမောင်နှမတွေပျော်နေကြလိမ့်မယ်....
အတူတဂွ ရင်ဆိုင်ကြရအောင်
ခေါင်ရွဲ့သွားရင်ဆွဲတည့်မယ်
အိမ်ရွဲ့သွားရင် ဆွဲထူမယ်
စက္ကူစုတ်ကို လက်ပူအောင်စုကြမယ်
ငါပြန်ခဲ့ မယ် ပြန်ခဲ့မယ်.....
ကိုဟန်

2 comments:

  1. u have good idea for arts.good performed.

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် နောက်ကိုလဲ လာလည်ပါဦး ကျနော်ကတော့ အမ ဘလော့ကို အမြဲရောက်ဖြစ်ပါတယ်

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ