Friday, July 24, 2009

စိတ်ကူးသစ်ပင်

ကိုယ့်ဆန္ဒကိုပြောပြပါဆိုရင်...

ငါသစ်ပင် တပင် ဖြစ်ချင်တယ်....

အကိုင်းအခက်ဝေေ၀နဲ့...

ချစ်တဲ့ သူကို

နေပြောက်မထိုးစေချင်ဘူး

လေပြင်းမခစေချင်ဘူး..

မိုးသည်းမကျစေချင်ဘူး....

ကိုယ့်ကိုကိုယ် ယုံကြည်မှု့နည်းတာလားကွယ်...

သစ်ပင်မြင့်သွားရင်

ချစ်သူလေတိုက်မခံရစေချင်ဘူး....

သစ်ပင်နိမ့်သွားပြန်ရင်...

မလောက်မငှအသီးအပွင့်တွေနဲ့...

ချစ်သူ မချို့တဲ့စေချင်ပြန်ဘူး....

သစ်ပင် လုပ်ကာမှ..

သစ်ငုတ်ဖြစ်သွားပြန်ရင်လဲ ဒုက္ခ....

စဉ်းစားလိုက်တာချာချာကိုလည်လို့

နောက်ဆုံးတော့ အဖြေတခုရတယ်...

ချစ်တဲ့သူသေးသေးလေကိုမှ

ထားစရာရှာမရ တဲ့.....ငါ

ဘယ်မှာလာပီး

ငှက်တစ်သောင်းနားနိုင်တဲ့သစ်ပင်ဖြစ်နိုင်ပါဦးမလဲ ......

ဒုက္ခများစွာနဲ့....

ငါ.....လူဖြစ်နေတာပဲကောင်းပါတယ် ။ ။


ကိုဟန်

No comments:

Post a Comment

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ