Tuesday, November 17, 2009

မေ့ကျန်ပစ္စည်းများ


ချစ်သူမျက်နှာ

ကြည့်မ၀ခင်မှာပဲ

အလုပ်ထဲကို

ခန္တာချည်းပဲ ပြန်ရောက်လာခဲ့တယ်

နှလုံးသားတွေ

ချစ်ချင်းတရားတွေ

စဉ်းစားဥဏ်တွေ

မလှပနိုင်သေးတဲ့

ကိုယ်ပိုင်နေရာကအပြန်မှာ

ပြုတ်ကျကျန်ခဲ့တယ်

ချစ်သူရေ..

လေယာဉ်ပြေးလမ်းမှာ

ပြုတ်ကျကျန်ခဲ့တဲ့

ကိုယ့်ရဲ့ ရှိစုမဲ့စုလေးတွေကို

သွားကောက်ပြီး

အသိမဲ့ခန္တာ

ပြန်လာတဲ့အထိ

သိမ်းထားပါနော်

ရေးသူ ကိုဟန်


4 comments:

  1. စိတ်ချ စိတ်ချ ...သူသိတယ် တဲ့..
    မပျောက်မပျက်အောင် သိမ်းထားပေးမှာ တဲ့ ...
    ( မေ့ကျန်နေတာ မဟုတ်ဖူး .. တမင်ချန်ထားခဲ့  တာ မဟုတ်လား..း) )

    ( ပြန်ရောက်လာ ပြီလား ကိုဟန်ရေ....
    အတွေ့ အကြုံ ရှင်းလင်းပွဲ တွေ ဖတ်ရတော့မှာပေါ့ နော် ... )

    ReplyDelete
  2.း) အားပေးနေတယ်ဗျာ
း) မေ့ကျန်ပစ္စည်းတဲ့ ပြုံးချင်စရာလေးရေးထားတာ

    ReplyDelete
  3. ကဗျာလေးတွေ လာဖတ်သွားပါတယ်။

    ReplyDelete
  4. သောကြာသားတွေနုပြီ ဆို မခံစားနိုင်ဘူး

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ