Friday, May 21, 2010

သူတို့စုဝေးရာ



လက်ရေးကျင့်ဖို့ဝလုံးရေးရင်း
ဘကုန်းကြားညပ်ရေးမိလို့
ဘ၀ဆိုတာစလာသူတွေ
အမှားကိုတွေ့လို့ အလန့်တကြား
အူရားဖားရား လှည့်အပြေး
အမှန်တရားသေးသေးလေးကိုခလုပ်တိုက်
ငိုက်စိုက်လဲကျသွားသူတွေ
တဲကုပ်မှာ
ဘုရင်လုပ်နေတာထက်စာရင်
နန်းတော်မှာ
သပျက်စည်းသာလှည်းလိုက်ချင်၇ဲ့ဆိုတဲ့
ရုပ်ဝတ္တု ကိုငတ်မွတ်သူတွေ
တွေ့ကရာကိုအမှန်တရားလုပ်
ကိုယ့်ကိုကိုယ်ဆေးသုတ်ပြီး
ပလင်ကြီးကြီးမှထိုင်ချင်သူတွေ
ဘေးနားမှာ ကုပ်ကုပ်လေးထိုင်
လက်မှိုင်ချပြီး တွေ့ကရာကို ပေါက်ပေါက်ဖောက်သလိုပြော
မမောနိုင်မပန်းနိုင်
ကိုကိုယ်တိုင်က
ဘာမှမသိတဲ့
ငါလိုလူတွေ
စုဝေးနေတဲ့နေရာကို
မြန်မာပြည်လို့ခေါ်တယ်..........၊




ရေးသူ ကိုဟန်

4 comments:

  1. ဘယ်သူတွေ ဘာပြောပြော ..
    ဒီစုတ်စုတ်လေးမှာ ဘုရင် လုပ်နေတာပဲ ကောင်းသမို့ 
    ကုတ်နဲ့ ကလော်ထုတ်လျှင်တောင် မပြောင်းဘူးကွဲ့ 
    မင်းတို့ တတွေသာ ဂျောင်းချင်ရာ ဂျောင်း ..
    ငါ့အကြောင်းတော့ မကောင်းဘူး မပြောနဲ့
    ချလိုက်မဟဲ့ ၆၅ နှစ် ၊ ဖြစ်ချင်ရာ ဖြစ်ကြပါစေတော့ ။
    ငါ့ပလ္လင် လိုချင်သူများ မှတ်သားလို့သာထား .. ဝါး ဟား ဟား ဟားးးး

    ခွိ ခွိ ခွိ .. ( မျောက်ရယ် သံး)))))

    ReplyDelete
  2. ကောင်းလိုက်တာဗျာ...အားလုံးကိုကွက်ကွက်ကွင်းကွင်းပါပဲ :)

    ReplyDelete
  3. ဝက်ဝံလေးMay 23, 2010 at 6:40 PM

    အိမ်းးးးးး မပြောလိုပါ မပြောလိုပါ
    ဟိဟိ

    ReplyDelete
  4. ကောင်းတယ်ဗျာ။

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ