Monday, August 24, 2009

အဖေနှင့်ဆေးလိပ်တိုများ...။

ဒီကဗျာကိုရေးတဲ့သူ နောင်မင်း(ထီမန်)ဆိုတာ... ကျနော့် အကိုတစ်ဝမ်းကွဲ စိတ်လဲတူသူ . ကိုယ့်မှာတစ်ရာရှိ သူများစာအတွက် ကိုးဆယ်ဖယ်ရင်း လုံးချာလည်တာချင်းလဲတူ....။အလုပ်ကြီး နှစ်ခုလုပ် တစ်ခုခွဲက အရှုံးပေါ်တာချင်းလဲတူ...၊ မွန်းကျပ်တဲ့ မြို့ပြကထွက် လပ်ဆပ်နေသေးတဲ့ ထီမန်တို့ရဲ့ ရွာကလေးမှာ ကိုယ်တိုင်ချက်တဲ့ အရက်ကိုသောက် မှုးပြီး မှောက်ခဲ့တာချင်းလဲတူ...။ ကြွေယူပြုံးပြုံးတောင်းရင်မုန်းဆိုလို့ ကိုယ်ပေးပြီးသားအကြွေး စာရွက်နဲ့တောင်ရေးမတောင်းဘဲ ချစ်စရာကောင်းတဲ့ကြွေးတောင်းသူဖြစ်အောင် မူရာမာရာများရတာချင်းလဲ တူ..... ဘိုချစ်ရေ တူတူလျှောက်တဲ့တောကြီးတန်းက ဗွက်ထတဲ့လမ်းကို လွမ်းသဗျာ.........သူပို့လာတဲ့ မေးလ်ပေါ်က စာလေးပါ ဖော်ပြလိုက်တယ်နော်

by 90s decay.....my family face with the crisis.....and.. i shared my parent's pressure...i think ...this poem..(father and the shot cheroots)....change my style....(instead of nursery style)....i can't type PC keyboard layout....just type MAC layout..so i change pdf format....be happy..man





အဖေနှင့်ဆေးလိပ်တိုများ...။


မကြာသေးဘူးလို့ ဆိုချင်ဆို

ဟို အနှစ် လေးဆယ်လောက်တုန်းက

မနက် မနက် ရောက်တိုင်း

(ကျွန်တော်တို့) အမေတစ်ယောက်

အဖေ ညက သောက်ခဲ့တဲ့ ဆေးလိပ်တိုတွေ

ရှင်းရလင်းရ နဲ့

ဒါ နိစ္စဒူဝ

ငြူစူလို့ မရတဲ့ တာဝန်လေ


တော်တော်ဆိုးတဲ့ အဖေဗျ

ည ည ဆို

(ဆေးခါးကြီးသောက်ရသလို)

ကျွန်တော်တို့စာကျတ်ချိန်တွေမှာဆို

သူက

အလကားရတဲ့ ကောင်းကင်ကြီးအောက်မှာ

အလကားရတဲ့ လေကိုရှုပြီး

အလကားရတဲ့ အိမ်ကလေးရဲ့ဝရန်တာမှာ

အဖန်ရည် တစ်အိုးနဲ့

ရွှေပြည်စိုးနဲ့

ငြိမ့်နေလိုက်တာ

အချိန်တန် လစာထုပ်

အလုပ်လည်း မရှုတ်လှပါဘူး

သန်းကောင်ကျော် တစ်ချက်ထိုးလို့

ကျွန်တော် တစ်ရေးနိုးချိန်ရောက်လဲ

အဖေတစ်ယောက်ကတော့ ဖြင့်

ဆေးလိပ်တွေ သောက်လို့ကောင်းတုန်း


မနက် မနက်ဆို

ဆေးလိပ်တို ပစ်တမ်းကစားတော့

(ကျွန်တော့်အဖေရဲ့ ဆေးလိပ်တိုတွေနဲ့)

အားလုံးပျော်ခဲ့ကြရတာပေါ့


အခုတော့

သီဟရဲ့ ကျောင်းလခ

ဇင်မာရဲ့ အပြင်အဆင်

ဟန်သာရဲ့ ကျမ်းမာရေးနဲ့

အိမ်သူရဲ့ ငြူစူသံကြားမှာ

ကျွန်တော်ဆေးလိပ်သောက်တတ်လာပါပြီ


ည ည ဆို

(ဟန်သာပြောတဲ့)

စာကလေးအိမ်လေးရဲ့ရှေ့ ၀ရန်တာမှာ

အဖန်ရည်တစ်အိုး နဲ့

ရွှေပြည်စိုးနဲ့

သန်းကောင်ကျော်တစ်ချက်ထိုး

(ဟိုကောင်တွေတစ်ရေးနိုးမနိုးတော့မသိ)

မီးခိုးငွေ့တွေကြားမှာ

အဖေ့သားတစ်ယောက်

ဆေးလိပ်သောက်နေပါတယ် အဖေ........။



နောင်မင်း (ထီမန်)

3 comments:

  1. ကဗျာလေး လာဖတ်ပါတယ် ကောင်းလိုက်တာ ဗျာ ပထမဆုံးရောက်ဖူးခြင်းပါ အဖေရှိနေလို့ ပြည့်စုံနေတဲ့ ဘဝလေး
    ဟာ သားမယားတွေအတွက် ရေချိုတွင်းတစ်ခုလိုပါပဲလေ
    မျှဝေပေးတဲ့ ကဗျာလေးအတွက်ကျေးဇူး
    ရန်ကုန်သား :D

    ReplyDelete
  2. အော် ဆေးလိပ်သောက်တယ်လား အင်း အင်း ကောင်းပါတယ်လေ သိပ်လဲမသောက်နဲ့ဦးနော် ရောဂါ ရမှာစိုးလို့ပြောတာ
    ကဗျာလေး လာဖတ်သွားပါတယ်နော်

    တို့လဲ လင့်ခ် ထားလိုက်ပြီနော် နောက် အသစ်တင်ရင် လာဖတ်ရအောင်လို့နော် ဘိုင် တာ့တာ

    ReplyDelete
  3. အဖေကို ချစ်တဲ့ သား
    အဖေ့ စကားနားထောင်ပါ ကွဲ့ 
    ဆေးလိပ်တွေ သိပ်မသောက်နဲ့ ။
    ရောဂါလည်းရ လူလဲ မဝ ။

    အဟွတ် ...အဟွတ် ..
    ဆေးလိပ်နံ့  မခံနိုင်လို့  ..

    ခင်မင်စွာ စ ..သွားပါသည် ။
    ကိကီ။

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ