Sunday, August 30, 2009

အခါသုံးဆယ်မြောက်နောက်လှည့်ကြည့်ချင်း



၁၉၈၀ မှာ ငါ
အခါလည်သား
ဘာကိုမှလဲ
မမှတ်သားမိ
၁၉၈၉ မှာ
ငါ ဆယ်ကာလယ်တော့
အဝေးတစ်နေရာက
အဖေကိုလည်းလွမ်းဘူးရဲ့
ပင်ပန်းကြီးစွာ
မာကျောလွန်းတဲ့အမေကိုလည်း
ဘ၀တစ်သက်မှာ
တစ်ခါမြင်ဘူးလိုက်ရဲ့
၁၉၉၉ မှာ
ငါ အခါနှစ်ဆယ်လည်သား
မြှောက်စားသူတွေရဲ့အောက်
မြေကြီးနဲ့ခြေထောက်
သုံးပေလောက် လွတ်
ငါ တစ်လုံးကို အခါခါ ရွတ်ပြီး
ဖြစ်ချင်တာတွေများဘူးတယ်
အဲဒီတုံးကပေါ့
ချစ်သူများတဲ့ ငါ
ယုံကြည်သူတွေ ဒုနဲ့ဒေး
ဘာဘေးကိုမှလဲ တွေးမထီ
တောင်လေသွေးကအစ
နိုင်းမရအောင် အေးလို့...
များမကြာမှီပဲ
မြှောက်စားသူတွေ
မြောင်းထဲကိုရောက်
မြှောက်စားခံလဲ
ခွက်ပျောက်
ဘေးမကြောက်တဲ့ ငါ
ခွက်ပျောက်လိုက်ရှာတာ
ဆယ်နှစ်တောင်ကြာတယ်..
နောက်ခုနစ်ရက်ဆို
အခါသုံးဆယ် လည်ပြီ
ငါ့ဆီမှာ
နှစ်ဆယ့်ရှစ်ခါလည်တုံးက
ကံတရားဆီကနေ
မွေးနေ့လက်ဆောင်ရတဲ့
အိမ်ထောင်တစ်ခုရှိတယ်
မွေးရပ်မဟုတ်တဲ့ မြေတွေမှာ
ခွက်စုတ်တစ်လုံးရှာတွေ့တယ်
များလှတဲ့ဖြစ်ချင်တာတွေထဲက
ဘာဖြစ်နေတာမသိသေးဘူး
ငယ်ငယ်တုံးကဖြစ်ချင်တာလေ
ငါ.....သမိုင်းဝင်သူ
ငါ.....နည်းပညာဥသျှောင်
ငါ.....ဦးဆောင်နိုင်သူ
ငါ.....စာရေးဆရာ
ငါ.....ငါ.....ငါ...
ဘာမှဖြစ်မလာတော့
ရှင်မရေ
ကိုယ့်ကိုချစ်ရင်ပြုံးပြပါ
မင့်ယောက်ကျား
အင်ဂျင်နီယာသေးသေးလေးတစ်ယောက်
စကြာဝဠာ လှည့်ရှာတာ
ခွက်စုတ်လေးတစ်လုံးရလာတယ်ကွယ်
နိုင်ငံကြီးတွေမှာလို
ဂစ်တာတီးပြီးသီချင်းဆို
လမ်းအကျိုအကြားတွေမှာ
ဝမ်းတစ်ခါးကိုကျောင်းကြမယ်
ဘာလိုသေးလဲအချစ်ရယ်ပေါ့.....
( ရှင်မ ဆိုတဲ့ အသုံးအနှုံးလေးက မောင်ခိုင်မာ (ဦးကြည်ခိုင်) အလွမ်းပြေပေါ့ဗျာ )
ရေးသူ ကိုဟန်

7 comments:

  1. ကောင်းလိုက်တဲ့ ကဗျာ....
    ရှင်မရေ.. မင့်ယောကျာင်္း လာမဲ့ တနလာင်္ သူ့ ဘော်ဘော်တွေ နှိပ်စက်လို့  ခံရပေဦးမယ်ဟ။။ ဟဟဟားးးးးးး
    အယ်....... ကျုပ်က ပထမဆုံးလာဖတ်တာလား။
    စိတ်ကောင်းလိုက်တာ။ ပျော်လိုက်တာ ဟိဟိ

    ReplyDelete
  2. ကြွားတာလားဗျ။ အန်ချင်စရာ ( အင်ဂျင်နီယာ )ဆိုတာကို။ ဟီး။
    အခု အခါ၃၀လည်သားကျတော့ရောဗျ။ =]

    ReplyDelete
  3. အတော် တော်လာပြီ

    ReplyDelete
  4. အယ်..
    ခွက်ပျောက် လိုက်ရှာတာ ၁၀ နှစ်တောင်ကြာသတဲ့ လား...
    ဘယ်နေရာ အထားမှားလို့လဲ ။
    ခုရော .. ပြန်တွေ့ ပြီလား လို့  ။နောင်ဆို ဂရုစိုက်ပေါ့ကွယ် ..

    လူပါပျောက်နေရင်ခက်မယ်နော် ..
    သေချာ သော့ခတ်ထားပါ..

    ခင်လို့  စတာ နော် . ဟဲဟဲ.
    အရေးအသား ကောင်းတယ်..
    ဘာကောင်းသလဲတော့ မမေးနဲ့  .သိဘူး ..

    မကိ

    ReplyDelete
  5. အင်းးးးးးးးးးးးးးးးးး

    ကျွန်တော်သက်ပြင်းချမိတယ်ဗျာ....

    ဒီလိုပဲ တကယ်ပဲလားဟင်

    ReplyDelete
  6. ဟဲဟဲ ကိုသု ကရောဘယ်လိုထင်လဲ....

    ReplyDelete
  7. ကိုဟန်ရေ ရှင်မနဲ့အတူ တွေ့တဲ့ ခွက်ကလေးကို တည်မြဲစွာ သိမ်းနိုင်ပါစေနော်။ ကဗျာက ကောင်းတယ်ရှင့် ။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete

တစ်ခုခုတော့ပြောခဲ့စေချင်ပါတယ်ဗျာ