
မဟာမြို့ကြီးမှာ
လမ်းမကြီးတစ်ခုကို ၀င်မိတော့
ဒီနေရာမှ ထိုနေရာအထိ
ဖြက်သန်းသွားလာခွင့် မရှိတဲ့လေ....
ကျနော့်ရှေ့မှာ
ခွေးတစ်ကောင်
ပြေးကာဝင်သွားလေ ရဲ့
သတင်းစကားလေးများ
အမှာပါးမယ်လုပ်တော့
ရှုး ..တိုးတိုး....
ဒီနေရာမှာ
မပြောပါနဲ့တဲ့ လေ
ကျနော့်ရှေ့မှာ
ခွေးတစ်ကောင်
ဟောင်နေလိုက်တာ ဆူညံလို့...
ထမင်းတစ်နပ်
ခက်ခက်ခဲခဲရှာပြီး
အိမ်ပြန်အလာ
ကျနော့်ရှေ့မှာ
ခွေးတစ်ကောင်
တောင်ပုံရာပုံ အမှိုက်ကြားက
စားစရာတွေ ကြွယ်ဝလို့
ဒီနေရာမှာမွေး
ဒီနေရာကိုချစ်
မပစ်ရက်နိုင်လေတော့
တောင်းဆုတစ်ခု
ပြုမိတယ်
ဒီနေရာကို
အမှီပြုလို့
နောင်ဘ၀မှာဆို
ခွေးဖြစ်ရပါလို၏..........
ရေးသူ ( ကိုဟန် )
အော် ငါ ၁ လား
ReplyDeleteဟယ် ခွေးလေးက ချစ်ချာလေး ဟိဟိ
အော်... တစ်ရမလား မှတ်တယ်။
ReplyDelete၀က်က တယ်သွက်သကိုးးးးးးးးးးးးး
ဗျိုးးးးး ကိုဟန်။ ကျုပ်အကိုက လူချောပဲဗျ။
မျက်မှန်လေးနဲ့ ပညာတတ်ရုပ်လေးပဲ။ ဟဟားးးးး
ချစ်လို့စတာနော်။ မကျေနပ်ရင် မုန့်ဝယ်ကျွေး။ ဒါပဲ။
ဟုတ်တယ် နာလဲ ထောက်ခံတယ် မေ့သမီးကြီး အိန်ဂျယ်ရေ တော်တော်လေးခန့်တယ်နော် အဟီးးးးး
ReplyDeleteအံမယ် နာ တရားဟောတာ ထုမှ သိတာလား ဟွင်းးးး
နာ့ကိုပြောထှာ နာပြန်ပီ လာထော်နဲ့တော့ ဟွန်းးးးးး
အန် ကိုဟန် ဘဇာကြောင့် ခွေးဖြစ်ချင်ရတာတုန်းကွယ် ။ သူက တိုးဝှေ့ရှာစားနေရချိန် ကိုယ်က လုပ်ချင်တာကိုတော့ နည်းနည်းဖြစ်ဖြစ် လုပ်နေနိုင်တယ် မဟုတ်လား ။ ပြန်လာလည်တယ်နော် ကိုဟန် ။ ပြန်လာလည်ပါ တဲ့။ အမငီးး အမိန့်သံပြင်းပါ့နော် ။ ကျန်းမာပျော်ရွှင်ပါစေ။
ReplyDeleteအဲလောက်တောင်ပဲလားဗျာ.. စိတ်ကြီးတယ်ထင်တယ်..အဟေးဟေး...
ReplyDeleteခွေးတော့ မဖြစ်ပါနဲ့ဗျာ။ တော်ကြာခွေးမဖြစ်နေမှဖြင့်း)
ReplyDelete