
မေးခွန်းတစ်ခုအမေးခံရတယ်
မင်းဘာကိုတာဝန်ယူချင်ပါသလဲတဲ့
ခပ်ရိုးရိုးပဲဖြေလိုက်တယ်
ငါးလီတာကားကြီးကိုတစ်ယောက်ထဲမစီးဘူး
စူပါမားကပ်မှာ
ဝယ်လာတဲ့ပစ္စည်းသေးသေးလေးအတွက်
ပလပ်စတစ်အကြီးကြီးတွေမယူဘူး
လမ်းသွားရင်းအစားမစားဘူး
ငါတာဝန်ယူချင်တာ ကမ္ဘာကြီးပါလို့ဆိုမိတော့
ရယ်လိုက်ကြတာ
ကိစ္စမရှိဘာဘူး
ရယ်ရင်အသက်ရှေသတဲ့လေ
သူတို့တွေပါ တာဝန်ယူပစ်မယ်...
ငါဟဲ့ ကမ္ဘာ့သားကောင်း
ရေးသူ ကိုဟန်
အောင်မလေးတော့...
ReplyDeleteသူများအရှုပ်ထုတ် ကိုယ့်အရှုပ် လုပ်အုံးမလို့ လား ကိုဟန်ရယ် ...
ကမ္ဘာကြီးက တလုံးထဲ ရှိတာ .. သူ့ အပေါ်မှာ နေ နေကြတဲ့ သူတွေက သန်းပေါင်း ထောင် ပေါင်းများစွာ ။
အဲ့ဒီ တလုံးထဲကို ယူမှာလား ။ သူ့  အပေါ်က သူတွေဟာ ကို ယူမှာလားး.တာဝန်ဆိုတာ အတော် လေးတာနော် .. မနိုင်ဝန် ထမ်းရင် ခါးကျိုးနေပါ့မယ်။ အေးဆေး နေ ပါ လား။။
ကိုဟန်ရေ ကဗျာထဲက ဒဿနတွေ လာဖတ်ပါတယ်။ စိတ်ကူးကောင်းတဲ့ ကဗျာလေးတွေ ဖန်ဆင်းနိုင်ပါစေ အစ်ကိုရေ။
ReplyDeleteကုန်အောင်မဖတ်နိုင်တဲ့စာအုပ်အကြီးကြီးဝယ်ဖတ်ရင်တော့ သေချာတယ်။ ပြသနာရှိတယ် ဟီဟီ
ReplyDelete