
ငါမြန်မာပြည်သား
မြန်မာပြည်မှာ ဖွားတယ်
ဆန်ကြမ်းထမင်းကိုစားပြီး လူဖြစ်တယ်
မြန်မာပြည်ဟာ
ကမ္ဘာထဲမှာရှိလို့
ငါ ကမ္ဘာသား
နေရာတကာသွားပြီး
ဝမ်းစာရှာတယ်..။
ဒီနေရာမှာဝမ်းစာရှာတော့
ဒီနေရာသား
ဖြစ်ချင်လားလို့တော့ ရိုးမစွတ်ပါနဲ့ကွယ်
မင်းနေရာ ဟာ
ကမ္ဘာထဲမှာရှိလို့
ငါ ကမ္ဘာသား ရောက်လာတာပါ.။
ပလူတိုဂျိုလ်မှာများဆိုရင်
စိတ်ချပါ ခြေဦးတောင်လှည့်မလာပါဘူး..။
ဆင်းရဲလို့လာတာလားဆို
ရိုးရိုးသားသားဖြေမယ်နော်
တကယ်ကိုဆင်းရဲလို့
ဝမ်းစာရှာဘို့နေရာတကာသွားတာပေါ့
မဆင်းရဲမှတော့
ရင်ကော့ပြီးလျှောက်လည်နေမှာပေါ့
ငတ်လို့လာတာလို့တော့
မထင်လိုက်နဲ့နော်
ငါ မြန်မာပြည်သား
တရုတ်နဲ့ အိဒိယ ကြားမှာလူဖြစ်
လူတစ်ယောက်ကို အပ်တစ်ချောင်း
ဆယ်ပြားနဲ့လိုက်ရောင်းရင်
မြန်မာပြည်သား
ငါးဆယ့် လေးသန်း
ဆန်ကြမ်းနဲ့ထမင်းဝတယ်ဆိုတာမမေ့နဲ့
စီးပွားရေးပိတ်ဆို့ခံရတာ
ဆယ်နှစ်ကြာတာတောင်
လူမသိတဲ့
တကယ့်လူချမ်းသာ
ငါမြန်မာပြည်သား......
ရေးသူ ကိုဟန်