Sunday, February 24, 2013

အလှည့်စောင့်သူများ




 လရောင်ဖြန်းရင်
လရောင်ဆန်းဘို့
ညကြီးသန်းကောင်
အနက်ရောင်ချူံ အပြင်ထွက်

နေရောဖြန်းရင်
နေရောင်ဆန်းဘို့
နေ့ခင်းကြောင်တောင်
အဖြူရောင်ဆောင်ပြီးအပြင်ထွက်

မင်း မေ့နေတာသတိပေးချင်လို့
အရောင်ပြောင်းလွယ်ရင်
လရောင်ဖြန်းတဲ့ညလဲ
မအေးချမ်းဘူး
နေရောင်ဆန်းတဲ့နေ့လဲ
မနွေးထွေးပဲနေလိမ့်မယ်

သူငယ်ချင်းရယ်
ကိုယ့်အသုဘ
ကိုယ်ပြန်ချဘို့
အရောင်မပြောင်းပဲစောင့်နေပါ
နေရောင်လရောင်တွေ
သူ့အလုပ်သူလုပ်ကြပါလိမ့်မယ်...


ရေးသူ    ကိုဟန်

Thursday, October 25, 2012

၂၀၁၂ ၏ ဖာကဗျာတော်ကြီး

ဒီလိုသာမညီညွတ်ကြရင်
ဖာဖြစ်ပါလိမ့်မယ်လို့
အတန်တန်မှာနေတဲ့ကြားက
မီးကောင်ပေါက်မြန်မာပြည်ကို
အစိုးရပါလို့နာမယ်တတ်ပြီး
အ၀တ်အစားတွေအတင်းဆွဲချွတ်ကြတယ်
လူလည်ကောင်မှာ အပျီူရေဖျက်ကြတယ်

သိတ်မကြာပါဘူး
မှာသူပြာဖြစ်ချိန်
မြန်မာပြည်ဖာဖြစ်ချိန်
တစ်ချိန်ထဲလောက်များဖြစ်ရော့သလား

လူမသုံးစားတဲ့ဖာအဖြစ်တော်တော်ကြာပြီကာမှ
ဖာသည်အလှပြင်ချိန်ကို
ဘ၀ပြင်ချိန်အထိမရောက်စေလိုသူတွေ
ဖြက်စီးနေကြပြန်ပြီ

ဖာဖြစ်ဖြစ်ပေါ့လေ
ငါချစ်နေမိပြန်တော့
ဖာသည်ကိုချစ်မိတဲ့အသည်း
နေ့တိုင်းကွဲနေတာမဆန်းလောက်ပါဘူး...........


(တိုင်းပြည်နုနုကာလတိုင်းတွင် မညီညွတ်ကြသူများသို့ ဒေါသတကြီး ရေးသားမှာကြားလိုပါသည်... )
ရေးသူ ကိုဟန်

Wednesday, October 26, 2011

အကြင်နာဘဏ်

အချစ်တွေအများကြီး ရလဲ

အချစ်မ၀သူ

သံယောဇဉ်ကြိုးခွေ

ရှေလွန်လွန်းလို့ပုံကြနေလဲ

အစဆွဲလို့ ဆက်ထုံးရှာချင်သူ

အကြင်နာတရားတွေ

သိန်းထားလို့မဆန့်တာတောင်

ကပ်ထူပုံးများများနဲ့

ဘဏ်ထဲထည့်ထားလို့သူ...
ဒီကမ္ဘာမှာသေချာလိုက်ရှာရင်

ငါ့နားနားမှာတစ်ယောက်ရှိတယ်

ငါ့မှာရှိတာသာသုံးပါတော့ ကွယ်

မင်းအပ်ထားတဲ့

အကြင်နာတရားတွေအတွက်

အတိုးများများနဲ့လဲပြန်မဆပ်နိုင်ဘူး

ငါ့ဆီက အကြင်နာတရားတွေ

ချေးငှားလိုက်မိပြန်ရင်လဲ

ပြန်တောင်းဘို့မေ့တတ်လွန်းလို့ပါ

ငါ အကြင်နာ ဘဏ်မဟုတ်ဘူး......



ရေးသူ ကိုဟန်

Sunday, September 11, 2011

အလွဲများ



တစ်ချို့တွေက

တရားသဘော စောကျောနေရင်း

ရှုပဗေဒတွေလဲ အမှန်တကယ်ပဲ သိထားပြီး

ဘောဂဗေဒနဲ့လဲ အဆက်မပြက်

အချစ်ရေသန်ကလေးနဲ့

ငြိမ့်ငြိမ့်လေးအေးပြီး

ရှုံးခန်းထဲမှာ စာရင်းရေးကြတယ်

တစ်ချို့တွေက

ငါးရာ့ငါးဆယ်နိပတ်တော်ကို

အလွတ်ကျက်ရင်း

အချစ်သီချင်းလေးတွေနားထောင်

အဆင့်မြင့်နည်းပညာသင်တန်းမှာ

သင်တန်းဆရာလုပ်ကြတယ်...။

ဘုန်းတော်ကြီးကျောင်းမှာ

တချို့ဦးဇင်းတွေက

ဆက်သွယ်ရေးနက်ဝက်ကြီး

ချိတ်ဆက်ဘို့တွက်

ရေဒီယို ခပ်လတ်လတ်တစ်လုံးနဲ့ အလုပ်တွေရှုပ်ကြ

ကိုယ့်ကိုပြန်ကြည့်မိမှ

သင်းဘောပုံစံငယ်လေးတွေဘေးချ

ဘလော့ဂ်ပေါ်တက်

ကဗျာကျက်နေပြန်ပြီ

ဒီအချိန် ဒီအိမ်မှာ

ကိုပီတာရေ

ခင်ဗျားနဲ့ကျွန်တော်သာ ကိုယ့်အလုပ်ကိုမလုပ်ကြရင်.....


ရေးသူ ကိုဟန်

Sunday, May 1, 2011

အမေ့ကိုလှမ်းပြောတာ

နှစ်ထောင့်ဆယ့်တစ် ဇန်န၀ါရီလ ဆယ့်တစ်ရက်နေ့

အမေမရှိတော့တဲ့နေ့

နှစ်ထောင့်ဆယ့်တစ် အေပြီ ဆယ့်နှစ်

အမေအိမ်ပြောင်းတဲ့နေ့







ရေးချင်တာတွေက

အများကြီးပါပဲ

ဒါပေမဲ့လဲ ရေးလို့ကမထွက်

ပွက်နေတဲ့ဦးနှောက်

မောက်လျှံနေတဲ့စကားလုံးတွေ

အစဉ်အလာတွေ

ဘာမှမရေးတာကိုကလဲ................

ဒါပဲအမေရာ။ ။

သေတာကိုမဖွဲ့ချင်တော့ဘူး

အမေသေတာတောင်
မျက်ရေကျဖော်မရတဲ့

ခွေးသခိုးလို့

တိုးတိုးလေးအမေဆဲသွားတယ်မဟုတ်လား

ကျနော်ကြားလိုက်ပါတယ်

နွေးနေဆဲအမေ့နဖူးကို

ကျနော်ဆိုတဲ့လူ

နုတ်ဆက်တဲ့“အာပွား”

ကိုယ့်ထမင်းကိုစားပြီး

ဂျီးတော်နွားကျောင်းနေတဲ့

(လူတွေအမြင်)ခပ်ညံ့ညံ့ ကောင်တစ်ယောက်ရဲ့

ကြောင်တောင်တောင်လုပ်မဟုတ်တာတော့

အသေအချာပါအမေ......။ ။


(မြင့်ဦးသစ်)



အဖွားဆုံးသွားတော့ ကျနော့်ဖေဖေ ရေးတဲ့ကဗျာလေးပါ










Tuesday, February 1, 2011

ဟာသဖြစ်ရော့သလား



မေးခွန်းတစ်ခုအမေးခံရတယ်
မင်းဘာကိုတာဝန်ယူချင်ပါသလဲတဲ့
ခပ်ရိုးရိုးပဲဖြေလိုက်တယ်
ငါးလီတာကားကြီးကိုတစ်ယောက်ထဲမစီးဘူး
စူပါမားကပ်မှာ
ဝယ်လာတဲ့ပစ္စည်းသေးသေးလေးအတွက်
ပလပ်စတစ်အကြီးကြီးတွေမယူဘူး
လမ်းသွားရင်းအစားမစားဘူး
ငါတာဝန်ယူချင်တာ ကမ္ဘာကြီးပါလို့ဆိုမိတော့
ရယ်လိုက်ကြတာ
ကိစ္စမရှိဘာဘူး
ရယ်ရင်အသက်ရှေသတဲ့လေ
သူတို့တွေပါ တာဝန်ယူပစ်မယ်...
ငါဟဲ့ ကမ္ဘာ့သားကောင်း
ရေးသူ ကိုဟန်

Wednesday, September 8, 2010

လွတ်၍သွားသောအောက်စများ


ဝတ်နေကြကတော့ဘောင်းဘီဗျ
အခြေအနေအရ...
လုံချည်ပြောင်းဝတ်ရတော့
လုံလုံချူံချူံနေနေကြ
အထာကမကျဘူး
အောက်ပိုင်းကစစ အေးလာတယ်
အောက်ကလူတွေမော့ကြည့်ကြရင်
တသက်လုံး လျို့ဝှက်ခဲ့မျှ
လုံးခနဲခဲကနဲ
မဲမဲ မဲမဲနဲ့
စိတ်ကူးကောင်းမယ်ဆို
ပုံဖော်ကြည့်လို့ရလောက်တယ်
အင်း...ဒုခ္က
ရှုတ်နေရတဲ့လုံချည်
ချွတ်ချလိုက်ရရင်တော့ကွာ
ငါ ဘလာဖြစ်သွားတော့မှာပဲ...

ရေးသူ ကိုဟန်

Friday, September 3, 2010

မခန်းရေကန်


နွေနဲ့ မိုး ဆောင်း
ဥတုတွေဘယ်လိုပြောင်းလဲ
မခန်းတတ်တဲ့ရေကန်
အမြဲပြည့်လျှံနေလေရဲ့
နေ့စဒူဝ
ရေခပ်ကြသူတွေလဲဒုနဲ့ဒေး
သောက်လိုသူတွေကသောက်ရေ
သုံးလိုသူတွေကသုံးရေ
ခွက်နဲ့တွေခပ်သူခပ်
ပုံးတွေနဲ့ဆွဲသူဆွဲ
ပိုက်လုံးနဲ့သွယ်သူသွယ်
စည်နဲ့တိုက်သူကတိုက်
ပြားပန်းခတ်မျှသယ်ယူကြလို့
ရေနောက်ရလဲ ခဏပါ
နောက်နေ့မနက်မှာ
ကြည်လင်တဲ့ရေ
ပေးဝေဘို့ရန်
ဒီရေကန်ကတော့
ဘာသုံးရန်အတွက်
ဘာနဲ့ခပ်လေမလဲလို့
စောင့်နေလျှက်ပဲ....



ချစ်ဇနီးရဲ့ ဆရာများနေ့အတွက်ကဗျာလေးကိုပြန်ရေးပါတယ် ကိုဟန်

Thursday, June 24, 2010

ကျနော်ချစ်သောခွေးမများ


မနှစ်ကပေါ့
ခွေးမလှလှလေးကို
ဈေးကြီးပေးပြီး
မွေးခဲ့တယ်
တယုတယ
ချစ်လိုက်ရတာ
ဒီမနက်အိပ်ရာထ
မြင်လိုက်ရတာက
လမ်းပေါ်ကခွေးဝဲစားနဲ့
ချစ်ရည်မလူး
ရွှင်မြူးလို့ပါလား
အတင်းသွားဆွဲ
တွဲနေတာကို ဆွဲင်္ဖြုတ်ပြန်ရင်
အင်း.....ခွေးတန်းစားခွဲချားသူဖြစ်မယ်
ကြည့်ရတာလဲ
ရင်ထဲမကောင်း
အော် သူဖြစ်ချင်နေတာ
ကိုယ်မှ မလုပ်ပေးနိုင်တာနော်လို့
ဘယ်လိုပင်ဖြေတွေးလဲ
တော်တော်နေရေးခက်တဲ့ကိစ္စ
တန်ဘိုးမသိတဲ့ခွေးမနော်
ဒီတစ်ခါ အလိုလိုက်ရတာ
တော်တော်ရင်နာပါ့လား


ကျွန်တော်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါသည်

ငါမြန်မာပြည်သား
မြန်မာပြည်မှာ ဖွားတယ်
ဆန်ကြမ်းထမင်းကိုစားပြီး လူဖြစ်တယ်
မြန်မာပြည်ဟာ
ကမ္ဘာထဲမှာရှိလို့
ငါ ကမ္ဘာသား
နေရာတကာသွားပြီး
ဝမ်းစာရှာတယ်..။
ဒီနေရာမှာဝမ်းစာရှာတော့
ဒီနေရာသား
ဖြစ်ချင်လားလို့တော့ ရိုးမစွတ်ပါနဲ့ကွယ်
မင်းနေရာ ဟာ
ကမ္ဘာထဲမှာရှိလို့
ငါ ကမ္ဘာသား ရောက်လာတာပါ.။
ပလူတိုဂျိုလ်မှာများဆိုရင်
စိတ်ချပါ ခြေဦးတောင်လှည့်မလာပါဘူး..။
ဆင်းရဲလို့လာတာလားဆို
ရိုးရိုးသားသားဖြေမယ်နော်
တကယ်ကိုဆင်းရဲလို့
ဝမ်းစာရှာဘို့နေရာတကာသွားတာပေါ့
မဆင်းရဲမှတော့
ရင်ကော့ပြီးလျှောက်လည်နေမှာပေါ့
ငတ်လို့လာတာလို့တော့
မထင်လိုက်နဲ့နော်
ငါ မြန်မာပြည်သား
တရုတ်နဲ့ အိဒိယ ကြားမှာလူဖြစ်
လူတစ်ယောက်ကို အပ်တစ်ချောင်း
ဆယ်ပြားနဲ့လိုက်ရောင်းရင်
မြန်မာပြည်သား
ငါးဆယ့် လေးသန်း
ဆန်ကြမ်းနဲ့ထမင်းဝတယ်ဆိုတာမမေ့နဲ့
စီးပွားရေးပိတ်ဆို့ခံရတာ
ဆယ်နှစ်ကြာတာတောင်
လူမသိတဲ့
တကယ့်လူချမ်းသာ
ငါမြန်မာပြည်သား......
ရေးသူ ကိုဟန်


Friday, May 21, 2010

သူတို့စုဝေးရာ



လက်ရေးကျင့်ဖို့ဝလုံးရေးရင်း
ဘကုန်းကြားညပ်ရေးမိလို့
ဘ၀ဆိုတာစလာသူတွေ
အမှားကိုတွေ့လို့ အလန့်တကြား
အူရားဖားရား လှည့်အပြေး
အမှန်တရားသေးသေးလေးကိုခလုပ်တိုက်
ငိုက်စိုက်လဲကျသွားသူတွေ
တဲကုပ်မှာ
ဘုရင်လုပ်နေတာထက်စာရင်
နန်းတော်မှာ
သပျက်စည်းသာလှည်းလိုက်ချင်၇ဲ့ဆိုတဲ့
ရုပ်ဝတ္တု ကိုငတ်မွတ်သူတွေ
တွေ့ကရာကိုအမှန်တရားလုပ်
ကိုယ့်ကိုကိုယ်ဆေးသုတ်ပြီး
ပလင်ကြီးကြီးမှထိုင်ချင်သူတွေ
ဘေးနားမှာ ကုပ်ကုပ်လေးထိုင်
လက်မှိုင်ချပြီး တွေ့ကရာကို ပေါက်ပေါက်ဖောက်သလိုပြော
မမောနိုင်မပန်းနိုင်
ကိုကိုယ်တိုင်က
ဘာမှမသိတဲ့
ငါလိုလူတွေ
စုဝေးနေတဲ့နေရာကို
မြန်မာပြည်လို့ခေါ်တယ်..........၊




ရေးသူ ကိုဟန်